ပြည်ကက်သလစ်သာသနာ၊ ခဝဲတိုက်နယ်၊ ခဝဲရွာတွင် စိန်မေရီ ဘုရားရှိခိုးကျောင်းသစ်ဖွင့်ပွဲကျင်းပ

18

ပလက်ဝ၊ ဇန်နဝါရီလ ၁၆

ပြည်ကက်သလစ်သာသနာဂိုဏ်းအုပ်ဆရာတော်ကြီး အလက်ဇြန်္ဒား ဦးပြုံးချိုသည် ခဝဲကျေးရွာတွင် အသစ်တည်ဆောက်ထားသော ကက်သလစ်ဘုရားကျောင်းတော်သစ်ကို ၂၁၀၆ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့က ကောင်းကြီးပေး ဖွင့်လှစ်တော်မူလိုက်သည်။ ၎င်းဘုရားကျောင်းဖွင့်ပွဲသို့ ကျောင်းထိုင်ဘုန်းတော်ကြီးသောမတ်ထွန်းမြင့်၊ စိန်ပေါလ်အသင်းဂိုဏ်းမှ ဘုန်းတော်ကြီး ရောဘတ်ဟော် ဇမုန်နှင့် ဘရာသာရ်များ၊ ဖိတ်ကြားထားသော တခြားဘာသာဝင်များလည်း တက်ရောက်ချီးမြင့်တော်မူကြရာ၊ ခဝဲကျေးရွာမှကျောင်းထိုင် ဘုန်းတော်ကြီး ဂျွန်သားငယ်နှင့်ရွာသူရွာသားများမှ ခူမီးရိုးရာတူရိယာများမှုတ်လျက် ရိုးရာအကများဖြင့် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါသည်။

၎င်းဘုရားကျောင်းဖွင့်ပွဲအကြိုဖြစ်သော ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ညနေ ၆း၀၀တွင် နှစ်သစ်ကူးအကြို မိတ်ဆုံစားပွဲ ကို ပြုလုပ်ကြရာ၊ ဆရာတော်ကြီးနှင့်တကွ ဘုန်းတော်ကြီးများ၊ ဘရာသာရ်များ၊ စစ်္စတာရ်များ၊ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ ဆရာစတီးဗင်းနှင့်သင်းအုပ်ဆရာများ၊ နယ်မြေလုံခြုံရေးစစ်ဗျူဟာမှူးနှင့် အဖွဲ့သားများ အားလုံးအချင်းချင်းမိတ်ဆက်ကာ မိတ်ဆုံစားပွဲကို တက်ရောက်သုံးဆောင်ခဲ့ကြပါသည်။

မိတ်ဆုံစားပွဲပြီးသည့်နောက် ရး၀၀ နာရီတွင် ပလက်ဝတိုက်နယ်မြေမှ လူငယ်များ၊ ခဝဲတိုက်နယ်မှ ဘာသာတူများက အကပဒေသာ များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ ဖျော်ဖြေရေးအစီအစဉ်ပြီးသည့်နောက်ခူမီးရိုးရာမီးပုံပွဲအကကိုပလက်ဝတိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး ပေါလ်ထွန်းခိုင်မှ ဦးဆောင်လျက် ဘုန်းတော်ကြီးများ၊ စစ်္စတာရ်များ၊ ဘရာသာရ်များ၊ ဧည့်ပရိတ်သတ် များအားလုံး ပါဝင်လျက် ညသန်းခေါင်ယံ ၁၂း၀၀ နာရီတိတိတွင် ဆုတောင်းပြီး မီးရူးမီးပန်းများဖောက်ကာ နှစ်သစ်ကို ပျော်ရွှင်စွာဖြင့် ကြိုဆိုခဲ့ကြပါသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့၊ ချမ်းအေးလှသော နံနက် ၈း၀၀ နာရီတွင်မူ ခဝဲကျေးရွာ၏ စိန်မေရီဘုရား ရှိခိုးကျောင်း ဆောင်သစ် ကို ပြည်ကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော် အလက်ဇြန်္ဒားဦးပြုံးချိုးမှ ကောင်းကြီးပေးပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ဘုရားကျောင်းဆောင်သစ်ထဲသို့ဝင်ပြီး မေတ်္တာရေပတ်ဖြန်းခြင်းဖြင့် မိစ်္ဆားတရားကို စတင်ခဲ့ပါသည်။ မိစ်္ဆားတရားတော်မြတ် ပူဇော်ရာတွင် အဖဆရာတော်ဘုရားမှသားသမီးတို့အား ဤနေ့သည် ဘုရား၏မယ်တော်ပွဲ၊ ဘုရားကျောင်းဆောင်သစ်ဖွင့်ပွဲ၊ နှစ်သစ်ကို ကြိုဆိုပွဲ၊ ခရစ်္စမားအားပေးခြင်းပွဲနှင့် ပထမကိုယ်တော်မြတ်ပေးခြင်းစသောပွဲ (၅) ပွဲ နှင့်စပ်လျဉ်းပြီး အကျယ်တဝင့် မြွတ်ကြားကာ ယုံကြည်ခြင်းခွန်းအားများကို တိုက်ကျွေးခဲ့ပါသည်။

သြဝါဒမြွတ်ကြားပြီးနောက် အဖဆရာတော်ဘုရားမှ သားသားမီးမီး (၇၄) ဦးအား ခရစ်္စမားအားပေးခြင်း စက်္ကရမင်တူးကို ပေးခဲ့သည်။ ထို့နောက် ပူဇော်ခြင်းမစတင်မီ မိစ်္ဆားပလ်္လင်နှင့်ကိုယ်တော်မြတ် ဗိမ်္မာန်တော်ကိုကောင်းကြီးပေးကာ မိစ်္ဆားတရားကို ဆက်လက်၍ ပူဇော်ပြီး သားသားမီးမီး (၂၁) ဦး ပထမကိုတော်မြတ် ခံယူခဲ့ပါသည်။ မိစ်္ဆားအပြီး အဖဆရာတော်ဘုရားမှ ကောင်းကြီးပေးပြီးနောက်  ခဝဲကျေးရွာတွင် တာဝန်ထမ်းဆောင်နေသော ကိုရင်နာတားလယ်ထွန်းအောင်သည် နှစ်ခြင်းအသင်းတော်မှ ပေးပို့သောသဝဏ်လွှာကို  ဖတ်ကြားခဲ့ပြီး၊ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဖဆရာတော်ဘုရားမှ ဘုရားကျောင်းဆောင်သစ်ဖွင့်ပွဲ အမှတ်တရမှတ်တိုင်အား ကောင်းကြီးပေးပြီး မှတ်တမ်းတင် (ွမသကစ ဏ့သအသ) ရိုက်ကာပွဲတော်ကိုအောင်မြင်စွာဖြင့် အဆုံးသတ်ခဲ့ပါသည်။ ဤပွဲတော်၌ အဖဆရာတော်ဘုရားနှင့်အတူ ဘုန်းတော်ကြီး(၆) ပါး၊ ဒီတင် (၁)ပါး၊ စိန်ပေါလ်ဘရာသာရ် (၄) ပါး၊ စိန်ပေါလ် စစ်္စတာရ် (၆)ပါး၊ (ျွြီြ) (၁)ပါး၊ စိန်ပေါလ်စစ်္စတာရ်လောင်း (၅)ပါး၊ ဘာသာတူများ (၄၀၀) ခန့် ပါဝင်ဆင်နွဲခဲ့ကြပါသည်။ ၀၀၆ ကန်္တာရဝတီထွန်း

1723  Views
Previous: ရန်ကုန်ကာဒီနယ်ချားလ်မောင်ဘိုက ဖိလစ်ပိုင်နိုင်ငံသမ်္မတ ဘန်နစ်နို အက်စ် အကွီနိုအား သွားရောက်တွေ့ဆုံတော်မူ
Next: ဗာတီကန်က ယူကရိန်းကက်သလစ်မိသားစုကို သစ္စာဖောက်သည်ဟု ယူကရိန်းကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီးက ဝေဖန်