အင်ဒိုနီးရှားနိုင်ငံမှ ကက်သလစ်ဆရာတော်တစ်ပါး၏ သာသနာငွေကို အလွဲသုံးစားပြုခြင်းကြောင့် ရဟန်း (၆၉) ပါးက တာဝန်မှဆန္ဒပြအနားယူ

19894616_2014318872136780_5685725099437951272_n

အင်ဒိုနီးရှား၊ ဇွန်လ ၁၅၊ ၂၀၁၇ Ucan

အင်ဒိုနီး ရှားနိုင်ငံမှ ရူတင်ကက်သလစ် ဂိုဏ်းအုပ်သာ သနာ၏ ဂိုဏ်းအုပ်ဆရာတော် ဟူးဘတ်လယ်တင်၏ သာသနာငွေ (ဒေါ်လာတစ် သိန်း) အား မိမိကိုယ် ကျိုးအတွက် အလွဲသုံးစားပြုသည်ဟု ဆိုပြီး ၎င်းဆရာတော် လက်အောက်ရှိ ရဟန်း (၆၉) ပါးက တာဝန်မှဆန္ဒပြ အနားယူခြင်း ပြုလုပ်ကြသည်ဟု သိရှိရသည်။

ရူတင်ကက်သ လစ်ဂိုဏ်းအုပ် သာသနာမှ အမည်ဖော်ပြရန်မ သင့်လျော်သော ရဟန်းတစ်ပါးက “ကျွန်တော့်ဆရာတော် သာသနာ အတွက်ဆိုပြီး အင်ဒိုနီးရှား ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ ချုပ်ဆီမှာ  အမေရိကန်ဒေါ် လာတစ်သိန်းချေးတယ်။ အဲဒီငွေကို ဘယ် မှာဘယ်လိုသုံး သလဲဆိုတာကို သူ့ရဲ့ရဟန်းတွေ ကမေးပါတယ်။ အဲဒီအခါမှာ သူက ငါတို့ကို မင်းတို့နဲ့ မဆိုင်ဘူးဆိုပြီးပြောတယ်။ ဒီလိုပြော တာဟာ မှန်မှန်ကန်ကန် အသုံးမပြုဆိုတာကို ပြနေတာမို့ ကျွန်တော်တို့က အမှန်တရားကို သိချင်တာကြောင့် ဆန္ဒပြခြင်းဖြစ်ပါ တယ်” ဟု ထုတ်ဖော်သည်။

ဘုန်းတော်ကြီး မာတင်းချန်က “ကက်သလစ်အ သင်းတော်ထဲမှာ ဝိညာဉ်တော် ဘုရားရဲ့လမ်းပြမှုနှင့်အညီ မှန်မှန် ကန်ကန်ပြုပြင်ပြောင်း လဲခြင်းကို ပြုလုပ်သင့်ပြီ” ဟု မှတ်ချက်ပြုတော်မူသည်။  နောက်ဆုံးရရှိထား သောသတင်းအရ ဤ ဖြစ်ရပ်နှင့်စပ် လျဉ်းသော စုံစမ်းခြင်း ကို  အင်ဒိုနီးရှားကက် သလစ်ဆရာတော် ကြီးများ အဖွဲ့ချုပ်ကပြု လုပ်ပြီးနောက် ရဟန်းမင်းကြီးထံသို့ အစီရင်ခံစာ ပေးပို့ပြီဖြစ်ကြောင်း သိရှိပါသည်။

1010  Views
Previous: ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးခြင်း၌ အမျိုးသမီးများ ပါဝင်ကြရန်အထူးလိုအပ်ဟု ရဟန်းမင်းကြီးက မိန့်ကြားတော်မူ
Next: ဗာတီကန်နိုင်ငံဘဏ်က ၂၀၁၆ ခုနှစ်အတွင်း အမြတ်ငွေ (ယူရို ၃၆ သန်း) ရရှိဟု ရဟန်းမင်းကြီးရုံး သတင်းထုတ်ပြန်