လူအများအပြားကို သေစေသော မားစ်ရောဂါကို ကုသပေးကြသော ကက်သလစ်ဆရာဝန်များအား တောင်ကိုရိးယား ကာဒီနယ်အန်ဒရူးယွမ်က ကျေးဇူးတင်ဂုဏ်ပြုတော်မူ

ဆိုးလ်၊ ဇူလိုင်လ ၁၁ CNA

တောင်ကိုရီးယား ကာဒီနယ်ဆရာတော်ကြီး အန်ဒရူးက လူအများအပြားကို သေစေသော မားစ်ရောဂါသည်များကို ရဲရင့်စွာ ကုသခြင်းပေးခဲ့ကြသော တောင်ကိုရီးယားနိုင်ငံရှိ ကက်သလစ် ဆရာဝန်များအား ဇူလိုင်လ ၁၈ ရက်နေ့က ကျေးဇူးတင် ဂုဏ်ပြုတော်မူလိုက်သည်။

ရဟန်းအမတ် အန်ဒရူးက “ ကက်သလစ်ဆေးရုံကြီးသည် လူအမြောက်အများကို သေစေ နိုင်သော မားစ်ရောဂါကို ကုသရေးနှင့် ထိန်းချုပ်ရေးတို့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ ဆရာဝန်များအနေဖြင့်လည်း ကြောက်စရာကောင်းသောရောဂါကို ရဲရင့်စွာ ကိုင်တွယ် ကုသထိန်းချုပ်ခဲ့သောကြောင့် ဆေးရုံကြီးသည် လူသား များကို ပြုစုစောင့်ရှောက်ရမည် ဟူသော ခံယူချက်အတိုင်း ရှင်သန်နိုင်ခဲ့သည် ”ဟု မိန့်ကြားဂုဏ်ပြုတော်မူလိုက်သည်။

ဆရာတော်ကြီး အန်ဒရူးသည် မျက်နှာဖုံးအစွပ်ကို ဝတ်ဆင်ထားရင်း စိန်မေရီဆေးရုံရှိ ဝန်ထမ်းများနှင့် အစည်းအဝေးပြုလုပ်ရာတွင် “ ကျွန်တော်က အခုလိုမျိုးမျက်နှာစွပ်ကို သိပ် မဝတ်ဖြစ်ဘူး။ အခုလို မျက်နှာစွပ်ကို ဝတ်ရတာနဲ့ မနေတတ်ဘူး။ ရောဂါကို ကာကွယ်တဲ့အနေနဲ့ လူနာတွေကို နေ့စဉ်ထိတွေ့ကုသကြတဲ့ ဆရာဝန်တွေ ဝန်ထမ်းများက အချိန်ပြည့်မျက်နှာစွပ် ဝတ်ထားနေတာကို ကြည့်ရင် ခင်ဗျားတို့အားလုံးသည် မည်မျှပင်အောင့်အီးပြီး ဝတ်ဆင်နေကြမည်ကို ကျွန်တော် နားလည်ပါတယ် ” ဟု မိန့်ကြားတော်မူသည်။

တောင်ကိုးရီးယား အစိုးရက နိုင်ငံအတွင်းဖြစ်ပွားနေသော မားစ်ရောဂါကို ထိန်းချုပ်ကာကွယ်ကြသော နိုင်ငံတစ်ဝှမ်းဆေးရုံများတွင် ဆိုးမြို့တော်ရှိ ကက်သလစ်ဆေးရုံသည် စိတ်ချရဆုံးသောဆေးရုံဖြစ်သည်ဟု ထုတ်ဖော်ဂုဏ်ပြုရင်း အသိအမှတ်ပြုလိုက်သည်။ ကက်သလစ် သီလရှင်တစ်ပါးဖြစ်သော စတေလားယုံရှန်းက မားစ်ရောဂါ ဖြစ်ပွားမှုကို ကြားကြားခြင်း လူနာများ ကိုကြည့်ရှုရန်အတွက် လုပ်အားပေးရန် ဆက်ကပ်လာခဲ့သည်။ ၎င်းင်းသီလရှင်က “ ကျွန်မအနေနဲ့ ဆေးဝါးကျွမ်းကျင်သော သီလရှင်တစ်ပါးအဖြစ် မားစ်ရောဂါဝေဒနာရှင်များကို ကူညီကုသပေးရန် အရေးတကြီးလိုအပ်နေသည်ဟု ခံစားမိကြောင်း၊ လူနာကိုသွားပြုစုရင်း လူနာက ကျွန်မအား အခုလို လာရောက်ကြည့်ရှု သည့်အတွက် ကျေးဇူးတင်ကြောင်းဖြင့်ပြောသောအခါ လွန်စွာပင်ခံစားမိကြောင်း” ဖြင့် သူမ၏ ခံစားချက်နှင့်အတွေ့အကြုံကို ဝေမျှပြောဆိုလိုက်သည်။

၎င်းရောဂါကြောင့် တောင်ကိုးရီးယားနိုင်ငံတွင် စာသင်ကျောင်း ပေါင်း (၂၅၀၀) နီးပါးကို ပိတ်ခဲ့ရသည့်အပြင် လူပေါင်း ၁၈၆ ယောက် ကူးစက်ခံကြရပြီး အနည်းဆုံး ၃၃ ဦး သေဆုံးသွားကြသည်။ ရဟန်းအမတ် အန်ဒရူးသည် ၎င်းင်းရောဂါကို ခံစားကြသူများအား တိုက်ရိုက်ထိတွေ့ကုသခဲ့ကြသော ဆရာဝန်သူနာပြုများနှင့် ဝန်ထမ်းပေါင်း ၁၅ ကို တွေ့ဆုံပြီး စိပ်ပုတီးတစ်ကုံးစီကို ပေးအပ်ရင်း ဆုတောင်းခြင်းပြည့်ဝသော နှလုံးသားဖြင့် အများအတွက် မိမိတို့၏အကောင်းဆုံးကို ပေးဆပ်ကြရန်နှင့် မိမိအနေဖြင့်လည်း ဆုတောင်းပေးနေမည်ဖြစ်ကြောင်းကို သူတို့အားပေးတော်မူခဲ့သည်။

ဂျိုးဇက်

1473  Views
Previous: ဗာတီကန် က အီရန်၏ သမိုင်းဝင် နျူးကလီးယားသဘောတူညီမှုအား ကြိုဆို
Next: အမေရိကတိုက်နှင့် ဥရောပတိုက်ရှိ ခရစ်ယာန်ပရိုတက်စတန့် ဂိုဏ်းကွဲများသည် ဗာတီကန်၏ဦးဆောင်မှုအောက်တွင် ပြန်လည်ပေါင်းစည်းရန် သဘောတူကြ