လူသားများ၏ကျန်းမာရေးကို ဂရုစိုက်သော ကက်သလစ်သာသနာ့ဆေးရုံများကို လူသားများက ပိုပြီးတောင်းဆိုလာမှုမြင့်တင်လာ

010-s

အိုဟိုင်းအိုး၊ ဖေဖော်ဝါရီလ ၁၆
ကာဒီနယ်ရေမွန်ဘတ်က ကမ်္ဘာ့လူသားများသည် ကက်သလစ်သာသနာတော်မှ ဖွင့်လှစ်ထားသော ဆေးရုံများကို အရင်ကထက် ပိုပြီးလိုအပ်လာကြသည်ဟု အိုဟိုင်းအိုမြို့တွင် ပြုလုပ် သော ဟောပြောပွဲတစ်ခုတွင် ဖေ ဖော်ဝါရီလ (၇) ရက်နေ့ကထည့် သွင်းမိန့်ကြားတော်မူလိုက်သည်။

ကာဒီနယ်ရေမွန်က ““ကက် သလစ်ဆေးရုံများတွင် လာ ရောက်ကုသကြသော လူနာများ က လူ့ဂုဏ်သိက်္ခာနှင့် လူ့တန်ဖိုးများကို သက်သေခံနေခြင်းကို ဘုရားမဲ့လူ့အသိုင်းအဝိုင်းက ပိုပြီး ဆာလောင်တမ်းတနေကြသည်”” ဟု မီးမောင်းထိုးပြတော်မူသည်။
ကာဒီနယ်ရေမွန်က ““အမေရိ ကန်နိုင်ငံဟာ လူ့အသက်၏ ဂုဏ် သိက်္ခာအပေါ် တိုက်ခိုက်မှု ပြုလုပ် နေကြောင်း၊ ထိုသို့ တိုက်ခိုက်ရာ တွင် ကိုယ်ဝန်ဖျက်ချခြင်းကို ပိုမို တောင်းဆိုလာခြင်း၊ နာတာရှည် ရောဂါသည်များကို ဆေးဖြင့်ထိုးသတ်သောဓလေ့ ကြီးထွားနေခြင်း နှင့် မိမိအတွက်အမြင့်ဆုံးသော အဆင်ပြေမှုနှင့် သာယာမှုတို့ကို ရရှိနိုင်ရေးအတွက် လူ့ခန်္ဓာကိုယ်ကို အရာဝတ်္ထုတစ်ခုပမာ ရှုမြင် ခြင်းများကြီးထွားနေသော နိုင်ငံ ဖြစ်သည်”” ဟု ဝေဖန်လိုက်သည်။

ဆက်လက်ပြီး အရှင်သူမြတ်က ““ကက်သလစ်သာသနာတော် ရဲ့ ကျန်းမာရေးစောင့်ရှောက် ဝန်ဆောင်မှုပေးခြင်းသည် ကက် သလစ်သာသနာတော်၏ ကိုယ်ကျင့်တရားဆိုင်ရာသွန်သင်ချက်အပေါ် အမြဲတမ်းခိုင်ခိုင်မာမာနှင့် ဂရုတစိုက်ပြုလုပ်လျှက်ရှိပြီး သနေ်္ဓတည်စမှစပြီးသေဆုံးသည့်အထိ လူ့ဘဝကို ရိုသေလေးစား ခြင်းကို မြှင့်တင်ပေးရန်နှင့် ကာကွယ်ပေးလျှက်ရှိသည်”” ဟု မိန့် ကြားတော်မူသည်။

သူက ““လူ့အဖွဲ့အစည်းထဲတွင် ရှုပ်ထွေးနေသော အခြေခံအမှန်တရားများ၊ လူ့သဘာ၀ ပင်ကိုယ်များနှင့် လူသားများက ခရစ်တော်ဒုက်္ခစရိယာနှင့် သေဆုံး ခြင်းနောက်သို့ လိုက်ရမည့်ခေါ် တော်မူခြင်းအကြောင်းထဲတွင် ကက်သလစ် သာသနာတော် သည် အလင်းတော်၏ မီးပြတိုက်၊ ခရစ်တော်ယေဇူး၏အလင်းတော် အဖြစ်တည်ရှိနေသည်”” ဟု တိုက် တွန်းပေးတော်မူသည်။

ဆက်လက်ပြီး အရှင်သူမြတ် က ““ကက်သလစ်သာသနာတော် ၏ ကျန်းမာရေးစောင့်ရှောက်ခြင်း သည် အချက် (၇) ချက်ကို အခြေ ခံပြီး လူနာများကို ကုသပေးနေ ခြင်းဖြစ်ကြောင်း၊ (၁) ခရစ်ယာန် တစ်ဦးဖြစ်ရခြင်းအပေါ် လေး နက်သော နားလည်ခြင်းအပေါ် အခြေခံကြောင်း၊ လူနာများကို ကုသကြည့်ရှုခြင်းသည် အသိ တရားအပေါ်တွင် အခြေခံခြင်း ထက် အသင်းတော်နှင့် မိမိ၏ သွန်သင်ချက်ကို ချစ်ခင်ခြင်း အပေါ်မူတည်ခြင်း (၂) ကက်သ လစ်သာသနာတော်၏သာသနာပြု လုပ်ငန်းများနှင့်လည်း ချိတ်ဆက် ခြင်းနှင့် ခရစ်တော်ဘုရား၏ လူ မမာများကို ကုသခြင်းနှင့် ပျောက် ကင်းစေခြင်းထဲတွင် ပူးပေါင်း ပါဝင်ပေးနေခြင်း (၃) ခရစ်တော် ဘုရား၏ လူနာများအပေါ်ထား ရှိသောစိတ်ဓါတ်ကို အတုယူပြီး ကုသပြုစုရခြင်း (၄) လူပုဂ်္ဂိုလ် တစ်ခုလုံးကို အသင်းတော်က နား လည်လက်ခံထားသည့်အတိုင်း ခန်္ဓာကိုယ်ချို့တဲ့ခြင်းထက် ဝိညာဉ် ရေးကောင်းစားရေးကိုပါ ထည့်သွင်းရခြင်း (၅) ဘာသာတရား၏ ကျင့်ဝတ်ကို ဆေးကုသခြင်း ကျင့်ဝတ်နှင့် အပေးအယူမလုပ်ဘဲ လူနာကို ကုသပြုစုရခြင်း (၆) ကက်သလစ်သာသနာတော်၏ ကျန်းမာရေးကုသခြင်းကို အမဲစက်ထင်ကျန်စေမည့် ငွေကြေး ထောက်ပံ့ခြင်းများကို ရှောင်ကျဉ်ခြင်းနှင့် (၇) အများပြည်သူ ၏ စိတ်ချယုံကြည်ရမှုကို ဦးတည် သောကျင့်ဝတ်များဖြစ်သော သာသနာတော်၏ လူသားနှင့် စပ်လျဉ်းသော သွန်သင်ချက်များ အပေါ်အခြေခံပြီး ကုသစောင့် ရှောက်ပေးခြင်းတို့ဖြစ်သည်”” ဟု အကျယ်တဝင့်ရှင်းပြတော်မူသည်။

1153  Views
Previous: ဗာတီကန်နိုင်ငံ (ရဟန်းမင်းကြီးရုံး) က မြန်မာနိုင်ငံနှင့်သံတမန်ဆက်ဆံမှုကိုထူထောင်ရန် မြန်မာအစိုးရကို တရားဝင်အဆိုပြုလွှာ ပေးအပ်ပြီ
Next: သဒ္ဓါကြည်ညိုခြင်းမှ သာသနာပြုခြင်းသို့