လိင်တူချင်းဆက်ဆံသော ယောင်္ကျားများနှင့် လိင်တူချင်းဆက်ဆံသောမိန်းမများက မိမိတို့အခေါ်ခံလိုသည့်အတိုင်း ခေါ်ဝေါ်သင့်သည်ဟု ကာဒီနယ် ဘလေ (စ်) ဂျုပိက မိန့်ကြားတော်မူ

20479999_2025490207686313_2254332839909335830_n

ချီကာဂို၊ ဇူလိုင်လ ၁၈၊ ၂၀၁၇ CNA

ချီကာဂိုမြို့၏ ကက်သလစ် ကာဒီနယ် ဘလေ (စ်) ဂျုပိက “လိင်တူချင်း ဆက်ဆံသော ယောင်္ကျားများနှင့် လိင်တူချင်း ဆက်ဆံသောမိန်း မများက မိမိတို့အခေါ်ခံလိုသည့် လူမှုရေးအဆင့်အ တန်းအတိုင်း ခေါ်ဝေါ်သင့် သည်ဟု ဇူလိုင်လ (၁၇) ရက်နေ့က မိန့်ကြားတော် မူလိုက် သည်။

ချီကာဂိုကက် သလစ်သာ သနာမှ ဘာသာတူများနှင့်တွေ့ဆုံပွဲ၌ ဘာသာတူများက “လိင်တူချင်းဆက် ဆံသော ယောင်္ကျားများနှင့် လိင်တူချင်းဆက် ဆံသောမိန်းမများကို မည်သို့ခေါ်ရ မည်နည်းဟု ကက်သလစ် ကာဒီနယ် ဘလေ (စ်) ဂျုပိ အား မေးမြန်းကြရာတွင် ကက်သလစ် ကာဒီနယ် ဘလေ (စ်) ဂျုပိက “သူတို့ အခေါ်ခံလိုသည့် လူမှုရေးအသုံး အနှုန်းအတိုင်း ခေါ်ဆိုခြင်းသည် သူတို့ကို လေးစားရာရောက်သည်” ဟု ပြန်လည် ဖြေကြားပေးတော် မူလိုက်သည်။

သို့သော် တခြားအမေ ရိကန် ကက်သလစ် ဆရာတော် တစ်ပါးဖြစ်သော သောမတ်စ် ပါပရိုကီက “လိင်တူချင်း ဆက်ဆံသော ယောင်္ကျား များနှင့် လိင်တူချင်း ဆက်ဆံ သောမိန်းမများကို ကိုယ်တော်မြတ်ပင့် ယူခွင့်မပြုရန်နှင့် ကက်သလစ်သ ချိုင်းထဲတွင် မသဂြိုလ်ရန် မိမိလက်အောက် ခံရဟန်းများအား ညွှန်ကြားထားသည်ကို  မည်ကဲ့သို့မြင်ပါ သနည်းဟု ကာဒီနယ်ဘလေ (စ်) ဂျုပိအား မေးမြန်းကြရာ ဘလေ (စ်) ဂျုပိက “ဒီလိုညွှန်ကြားချက်က  ကက်သလစ်သာ သနာတော်ရဲ့ သွန်သင်ချက် မဟုတ်ကြောင်း၊  ချီကာဂိုသာ သနာတော် ရဲ့မူဝါဒလည်းမဟုတ်ကြောင်း၊  ဒီလိုမျိုးလုပ်ဆောင်ချက်က လက်တွေ့လုပ် ဆောင်ခြင်းနှင့်သာ သက်ဆိုင်ကြောင်း” ဖြင့် ပြန်လည် ဖြေကြားပေးတော်မူသည်။

ဆက်လက်ပြီး ချီကာဂိုမြို့သူ/သားများက မြို့ထဲ၌ကြီးထွား နေသော သေနတ်ဖြင့် အကြမ်းဖက်ခြင်းဖြင့် လူငယ်များ သေကြေနေကြ သည်ကို  မည်သို့ဖြေရှင်း သင့်သနည်းဟု မေးမြန်းကြရာတွင် ကာဒီနယ်ဘလေ (စ်) က “ကျွန်တော် တို့အားလုံးက  သေနတ်ကိုင်ဆောင် ခွင့်ကို ကြပ်မတ်သော ဥပဒေထွက်ပေါ် လာအောင် လုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း၊ လူမျိုးရေးကို အခြေခံသော မုန်းတီးခြင်းများ ကိုလည်း  ဝိုင်းဝန်းဆန့် ကျင်ကြရမည်ဖြစ်ကြောင်း” ဖြင့်  ဆော်သြတော် မူလိုက်သည်။

1448  Views
Previous: ရဟန်းမင်းကြီးရုံးတော်က ကိုယ်တော်မြတ်နှင့် စပျစ်ရည်တို့၏ ကုန်ကြမ်းနှင့်စပ်လျဉ်းပြီး သတ်မှတ်ထားသော စံနှုန်းများအတိုင်း ကြီးကြပ်ကြရန် ကက်သလစ်ဆရာတော်ကြီးများအား လမ်းညွှန်
Next: လူသာရန်အသင်းတော်နှင့် ကက်သလစ်သာသနာတော်တို့အကြားတွင်ကိုယ်တော်မြတ်မုန့်တော်ကို အပြန်အလှန်ပင့်ယူခွင့် မဖြစ်နိုင်သေးဟု ဆွီဒင်ကာဒီနယ်မိန့်ကြား