ရဟန်းမင်းကြီးရုံးက ငလျင်ဒါဏ်ခံရသောဒေသခံများ၏ စီးပွားရေးကို ကူညီပေးရန်အတွက် ဒေသခံပြည်သူများ၏ ထုတ်ကုန်များကို လိုက်လံဝယ်ယူ

010

ရောမမြို့၊ ဖေဖော်ဝါရီလ ၂၄၊ CNA

ရဟန်းမင်းကြီး ဖရန်စစ် အရှင် သူမြတ်သည် အီတ လီနိုင်ငံမှ ငလျင် ဒါဏ်ခံ ရသော ပြည်သူ များ၏ စီးပွားရေး ကို ပြန်လည်  ကောင်းမွန် လာစေရန်အတွက် ၎င်းဒေသ ခံပြည်သူ များ၏ ထုတ်ကုန် များကို ဖေဖော်ဝါ ရီလ (၂၄) ရက်နေ့မှ စတင်ပြီးလိုက်လံ ဝယ်ယူလျက် ရှိသည် ဟု သတင်းရရှိပါသည်။

 

ဒေသခံပြည်သူ များထံမှ ဝယ်ယူ ရရှိထားသော ထုတ်ကုန် များကို ရဟန်းမင်းကြီး ရုံးက ဆင်းရဲသားများ၊ အိုးမဲ့ အိမ်မဲ့အီတလီ နိုင်ငံသူနိုင်ငံ သားများကို အခမဲ့ပြန်လည် လိုက်လံဝေပေးလျက် ရှိနေသည်။

 

ရဟန်းမင်းကြီး ရုံးမှ ဆင်းရဲသားများကို ကူညီပေးခြင်း တာဝန်ယူထားသော ဂိုဏ်းချုပ် ဆရာတော်ကြီးကွန်ရတ်ကရာဂျူးကီ က “ရဟန်းမင်း ကြီး၏ လမ်းညွှန်ချက်ကြောင့်  ၂၀၁၆  ခုနှစ်၊  သြဂုတ်လ  (၂၄)  ရက်နှင့်အောက်တိုဘာလ  (၃၀)  ရက် နေ့ ငလျင်ဒါဏ်ကို ဆိုးဆိုး ဝါးဝါးခံ  ရသော အီတ လီနိုင်ငံ အလယ်ပိုင်း ရှိ ဒေသခံပြည်သူ များထံသို့ အရောက် သွားပြီး ငလျင်ဒါဏ်ကို ဆိုးဆိုးဝါးဝါး ခံရသောပြည်သူများကပြု လုပ် ထုတ်လုပ်သော ကိတ်မုန့်များ၊  ထောပတ်များ၊  ဂျုံများနှင့် တခြား လူသုံးကုန်ပစ္စည်းများကို လိုက်လံ ဝယ်ယူပြီး အီတလီနိုင်ငံထဲမှ ဆင်းရဲသားများနှင့် အိုးမဲ့ အိမ်မဲ့ဖြစ်သူများကို အခမဲ့ပြန်လည် လိုက်လံဝေပေးလျက် ရှိနေသည်။

 

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့က အီတလီနိုင်ငံတွင် လှုပ်ခတ်သွားသော ငလျင်ဒါဏ်ကြောင့် လူပေါင်း (၂၅၀) သေဆုံးပြီး လယ်ယာ လုပ်ငန်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း (၅၅) ကျော်ဖိုး ပျက်စီးဆုံးရှုံးသည်ဟု သိရှိရသည်။

#ကုန်ဇမှုန်း

1063  Views
Previous: သဒ္ဓါကြည်ညိုခြင်းမှ သာသနာပြုခြင်းသို့
Next: ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများက ဖိလစ်ပိုင်သမ္မတ၏ မူးယစ်ဆေးဝါးစွဲသူများအား ပစ်သတ်နေခြင်းကို တရားဝင်ဝေဖန်ရှုတ်ချပြီ