ရဟန်းမင်းကြီးဟောင်း ရဟန္တာယောဟန်ပေါလူး (၂) က ရဟန်းမင်းကြီးတာဝန်မှ အနားယူရန်စီစဉ်ခဲ့ဖူး

19959437_2014324098802924_1912504136671253043_n

ပိုလန်၊ ဇွန် ၁၅၊ ၂၀၁၇

ပျံလွန်တော် မူပြီးသော ရဟန်းမင်းကြီးဟောင်း ရဟန္တာ ယောဟန်ပေါလူး (၂) က မိမိကျန်းမာရေး အခြေနေကြောင့် ရဟန်းမင်းကြီးတာ ဝန်မှ အနားယူရန် မိမိ၏ လက်ထောက်များ ကိုတိုင်ပင်ခဲ့ ဖူးသည်ဟု  ရဟန်းမင်းကြီးယော ဟန်ပေါလူး (၂) နှင့် ရဟန်းမင်းကြီး ဘေနေဒီ (၁၆) (အငြိမ်းစား) တို့၏  အတွင်းရေး မှူးလုပ်ခဲ့သော ဆရာတော်ကြီး မိုင်ဇီစလို မိုဇီစကီက မိမိထုတ်ဝေသော စာအုပ်တွင် ရေးသား ဖော်ပြတော်မူလိုက်သည်။

၎င်းစာအုပ်၌ ဆရာတော်ကြီး မိုင်ဇီစလို မိုဇီစကီက ရဟန်းမင်းကြီးနှစ် ပါးတို့သည် မိမိတို့၏အချိန် အများပိုင်းကို ဆုတောင်းခြင်း၌ အသုံး ပြုခဲ့ကြကြောင်း၊ ရဟန်းမင်းကြီး ယောဟန်ပေါလူး (၂) သည် ဝတ်ပြုဆု တောင်းတိုင်း မိမိ၏လက်ထောက် များအား အမြဲဖိတ်ခေါ်ပြီး အတူတကွ ဆုတောင်းခြင်းနှင့် သီချင်းဆိုခြင်း တို့ကို ပြုလုပ်တော်မူ ခဲ့ကြောင်း၊ ရဟန်းမင်းကြီး ဘေနေဒီ (၁၆) ကမူ အားလပ် ချိန်များ တွင် စန္ဒယားကို အမြဲတီး သည်ဟုရေးသား ထားသည်။

ဆရာတော်ကြီး မိုင်ဇီစလို မိုဇီစကီ က “ရဟန်းမင်းကြီးယော ဟန်ပေါလူး (၂) က  ကျန်းမာရေး မကောင်းတဲ့နောက် ပိုင်းမှာ အနားယူဖို့၊ ဆရာဝန် တွေနဲ့ ကျွန်တော်တို့ကို ထမင်းစားတဲ့ အချိန်တွေမှာ အမြဲလိုလို တိုင်ပင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့  အားလုံးက သူ့ကို သေတဲ့အထိ ရဟန်းမင်းကြီး တာဝန်ကို လုပ်ဆောင်သွားဖို့  အကြံပြုခဲ့ ကြပါတယ်” ဟု ထုတ်ဖော်ရေး သားလိုက်သည်။

ဆက်လက်ပြီး ဆရာတော်ကြီးက “ရဟန်းမင်းကြီးယော ဟန်ပေါလူးက ပရိတ် မေတ္တာကို ရွတ်တိုင်း၊ ဆုတောင်းမေ တ္တာများကို သံစဉ်ဖြင့် သီဆိုတာမျိုးကို နှစ်သက်ပါတယ်။ တစ်ရက်မှာတော့ ကျွန်တော်က ကြိုတင်ပြင်ဆင် ချိန်မရတော့ နှုတ်ဖြင့်သာ ရွတ်ဆိုတော့ သူက ခဏ ရပ်ပြီးတော့ ကျွန်တော့်ကို လှမ်းကြည့်လိုက်ပြီး “မဟုတ်သေးဘူး” ဟု  တီးတိုးပြော ဆိုတာကို ကြားလိုက်ရတယ်။ ဒါပေမယ့် ကျွန်တော် တို့နှစ်ပါး စလုံးက ဆက်လက်ရွတ် ဆိုသွားပါတယ်” ဟု  ပြန်ပြောင်းရေး သားသည်။

ဆက်လက်ပြီး ဆရာတော်ကြီးက “ရဟန်းမင်းကြီးတွေက တစ်ရက်တစ်ရက်  ဧည့်သည်များကို လက်ခံတွေ့ဆုံခြင်း၊ အစည်းအဝေးများ ပြု လုပ်ခြင်း၊ စာရွက်စာ တမ်းများကို လက်မှတ်ရေး ထိုးခြင်း၊ မိန့်ခွန်းများ မိန့်ကြားခြင်းနှင့် ဆုတောင်းခြင်း တို့ဖြင့် တစ်ရက်သာကို ကုန်ဆုံး စေကြသည်” ဟုရဟန်းမင်း ကြီးတို့၏ဘဝကို မီးမောင်းထိုး ပြတော်မူသည်။

နောက်ဆုံး အနေဖြင့် ဆရာတော်ကြီး က “သူတို့နှစ်ပါးက အီတလီရုပ်မြင် သံကြားလိုင်းကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် ရဟန်းမင်း ကြီးယောဟန်ပေါလူး (၂) ကတော့ ရေဒီယိုမရှိ” ကြောင်းတို့ဖြင့် ရဟန်းမင်းကြီး နှစ်ပါးတို့၏ တာဝန်နှင့် ဝါသနာများ အကြောင်းစုံကို မိမိ၏ စာဖတ်ပရိ သတ်များအား ဝေမျှပေးတော် မူလိုက်သည်။

931  Views
Previous: ဗာတီကန်နိုင်ငံဘဏ်က ၂၀၁၆ ခုနှစ်အတွင်း အမြတ်ငွေ (ယူရို ၃၆ သန်း) ရရှိဟု ရဟန်းမင်းကြီးရုံး သတင်းထုတ်ပြန်
Next: ရဟန်းမင်းကြီးရုံးတော်က ကိုယ်တော်မြတ်နှင့် စပျစ်ရည်တို့၏ ကုန်ကြမ်းနှင့်စပ်လျဉ်းပြီး သတ်မှတ်ထားသော စံနှုန်းများအတိုင်း ကြီးကြပ်ကြရန် ကက်သလစ်ဆရာတော်ကြီးများအား လမ်းညွှန်