ရဟန်းမင်းကြီးဖရန်စစ်၏ပြောဆိုဆက်ဆံမှုကြောင့် ကက်သလစ်ခရစ်ယာန်ဘာသာသို့ ပြန်ဝင်လာနိုင်သည်ဟု ကျူးဘားနိုင်ငံသမ်္မတ ရော်လ်ကက်စရိုက ပြောလိုက်ပြီ

005

ဗာတီကန်၊ မေလ ၁၀၊ ၂၀၁၅၊ CNA

ရဟန်းမင်းကြီးဖရန်စစ်က ကျူးဘား နိုင်ငံ သမ်္မတ ရော်လ်ကက်စရိုအား ဗာတီကန် နန်းတော်တွင် သီးသန့်တွေ့ဆုံပြီးနောက် ရော်လ်ကက်စရိုက သတင်းထောက်များအား သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာတွင် အမေရိကန် နိုင်ငံက ကျူးဘားနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်း ပေးရန် ကူညီလုပ်ဆောင်ပေးခဲ့သော ရဟန်း မင်းကြီး ဖရန်စစ်၏ လုပ်ရပ်ကြောင့် မိမိသည် ကက်သလစ်ခရစ်ယာန်ဘာသာသို့ပြန်ဝင် လာနိုင်သည် ဟု မေလ (၁၀) ရက်နေ့က သတင်းထောက်များအား ပြောကြားလိုက်သည်။ ကျူးဘားနိုင်ငံ သမ်္မတ ရော်လ်ကက်စရိုက ““ရဟန်းမင်းကြီးသာ ယခုကဲ့သို့ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် ကျွန်တော့် အနေနဲ့ ဆုတောင်းခြင်းအမှုတော်ကို ပြန်လည် လုပ်ဆောင်ပြီး ကက်သလစ် သာသနာတော်သို့ ပြန်လာမည်ဖြစ်သည်”” ဟု ပြောကြားလိုက်သည်။
ကျူးဘားနိုင်ငံသမ်္မတ ရော်လ်ကက်စရို သည် ကျူးဘားနိုင်ငံ၏ သမ်္မတဖြစ်ပြီး ညီဖြစ်သူ သည် ကျူးဘားနိုင်ငံ၏ ကွန်မြူနစ်တော်လှန်ရေး ခေါင်းဆောင်ဖြစ်သည်။ သမ်္မတရော်လ်ကက် စရိုက မိမိသည်ရဟန်းမင်းကြီး၏ နေ့စဉ် တရားဟောကြားချက်များကို နေ့စဉ် ဖတ်ရှုရပြီး ရဟန်းမင်းကြီးသည် ပညာရှိပြီး ရိုးသားဖြောင့်မတ် သူဖြစ်သည်ကို သိရှိရသောကြောင့် မိမိအနေဖြင့် အရှင်သူမြတ်အား လွန်စွာ ပင်ရိုသေပါကြောင်း မှတ်ချက်ပြု ပြောကြားလိုက်သည်။

ဆက်လက်ပြီး ရော်လ်ကက်စရိုက ““မိမိအနေဖြင့် ယခုကဲ့သို့ ရဟန်းမင်းကြီးအား လာရောက်ဖူးမျှော်ခြင်းမှာ လွန်ခဲ့သောနှစ်မှ စတင်ပြီး အမေရိကန်နှင့် ကျူးဘားနိုင်ငံများအကြားတွင် သံတမန်ဆက်ဆံမှုများ ပြန်လည် ပြုလုပ်ရန်နှင့် ကျူးဘားနိုင်ငံအပေါ် ချမှတ်သော အမေရိကန်အစိုးရ အဆက်ဆက်၏ စီးပွားရေး ပိတ်ဆို့ထားနေမှုများကို ပြန်လည်ရုပ်သိမ်း ပေးရန် လုပ်ဆောင်ရာတွင် ကြားဝင်စေ့စပ် ပေးတော်မူသော ရဟန်းမင်းကြီးဖရန်စစ်အား လာရောက် ကျေးဇူးတင်ခြင်းဖြစ်ပါကြောင်း”” သတင်းထောက်များအား ရှင်းပြ လိုက်သည်။

ကျူးဘားနိုင်ငံသမ်္မတ ရော်လ်ကက်စရိုသည် ဗာတီကန်သို့ မနက် ၉း၃၀ နာရီတွင် ရုရှားနိုင်ငံမှ ရောက်ရှိလာပြီး ရဟန်းမင်းကြီး ဖရန်စစ်နှင့် သီးသန့် မိနစ် (၅၀) ခန့် တွေ့ဆုံဆွေးနွေးကြသည်။ ကျူးဘား နိုင်ငံသမ်္မတ ရော်လ်ကက်စရို၏ ခရီးစဉ်တွင် ကျူးဘားကွန်မြူနစ်ကောင်စီ၏ဥက်္ကဌ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ဗာတီကန်နိုင်ငံဆိုင်ရာ ကျူးဘားသံအမတ် ကြီးတို့လည်း ပါဝင်တက်ရောက်ကြသည်။ ၎င်းင်းအစည်းအဝေးပြီးဆုံးပြီးနောက် နှစ်နိုင်ငံခေါင်း ဆောင်များသည် အမှတ်တရလက်ဆောင်များ ကို ဖလှယ်ကြရာ ကျူးဘားနိုင်ငံ သမ်္မတရော်လ်ကက်စရိုက ရဟန်းမင်းကြီးအား ကျူးဘားပြည်သူများကိုယ်စား ကျူးဘားနိုင်ငံ၏အထင်ကရ လက်ဆောင်အဖြစ် ကျူးဘားနိုင်ငံ၊ မြို့တော် ဟာဗားနား၏ နှစ်ပေါင်းနှစ်ရာသက်တမ်း ရှိနေသော ကက်သလစ်ဘုရားကျောင်း ၏ ပုံတူကားချပ်တစ်ခုကို ဆက်သတော်မူသည်။ ရဟန်းမင်းကြီးကလည်း ကျူးဘားနိုင်ငံ သမ်္မတရော်လ်ကက်စရိုအား မိမိ၏နောက်ဆုံး ထုတ်ပြန်သော စာချွန်တော်ဖြစ်သည် ““နှုတ်ကပတ်တော်၏ ပျော်ရွှင်ခြင်း”” ဟူသောစာအုပ်ကို လက်ဆောင် အဖြစ် ပြန်လည်ပေးအပ်ခဲ့သည်။

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သည် ကျူးဘားနိုင်ငံသို့ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိ ထားပါသည်။

ကုန်ဇမှုန်း

1554  Views
Previous: ကလေးငယ်တစ်ဦးက မိမိသည် မိမိ၏အစ်မဖြစ်သူနှင့် အမြဲတမ်း စကားငြင်းခုံနေရသည်ကို ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အား အကူအညီတောင်း
Next: လာအိုနိုင်ငံမှ ယုံကြည်ခြင်းအတွက် အသတ်ခံရသူနှစ်ဦးအား ဓမ်္မအာဇာနည်အဖြစ် ရဟန်းမင်းကြီးက အသိအမှတ်ပြုတော်မူ