ရန်ကုန်မြို့တော် လှိုင်သာယာတွင် ပရိတ်သူငယ်တော်ယေဇူးကက်သလစ်ဘုရားကျောင်းကို ဖွင့်လှစ်ပွဲကျင်းပ

15

ရန်ကုန်၊ ဇန်နဝါရီလ ၁၇

ရန်ကုန်မြို့တော်၊ လှိုင်သာယာတွင် ရမည်းသင်းမြို့မှ ကက်သလစ်ဘာသာဝင်တစ်ဦး၏ လှူဒါန်းတည်ဆောက်ထားသော ပရိတ်သူ ငယ်တော်ယေဇူးကက်သလစ်ဘုရားကျောင်းကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကာဒီနယ်ဆရာတော်ကြီး ချားလ်စ်ဘိုက ကောင်းကြီး ပေး ဖွင့်လှစ်တော်မူလိုက်သည်။ ၎င်းဘုရားကျောင်းဖွင့်ပွဲသို့ ဘာသာဝင်ပေါင်း ၁၃၀၀ ကျော်တက်ရောက်ခဲ့သဖြင့် ခန့်မှန်းပြင်ဆင် ပြီး ကောင်းကြီးပေးထားသော ကိုယ်တော်မြတ်သည်လည်း တချို့ကက်သလစ်ဘာသာဝင်များသည် မပင့်ယူခဲ့ရသည့်အထိ ဖြစ်ခဲ့သည်။

၎င်းဘုရားကျောင်းဖွင့်ပွဲသို့ ဆလေးရှင်းအသင်းဂိုဏ်းမှမြန်မာပြည်ဂိုဏ်းအုပ်ဘုန်းတော်ကြီး စောချားလ်စ်နှင့် ရဟန်းတော်အပါး (၁၆)၊ သူတော်စင်များ၊ ဘာသာဝင်များနှင့် အလှူရှင်ပေါင်း (၁၃၀၀) ကျော် ပါဝင်ဆုတောင်းခဲ့ကြသည်။ ဆရာတော်ကြီးချားလ်စ်ဘို က ဘုရားကျောင်းကို ကောင်းကြီးပေးပြီးနောက် တရားတော်ကို ဟောကြားရာတွင် ““ယခုဖွင့်လှစ်ကောင်းကြီးပေးသော လှိုင်သာယာ ဘုရားကျောင်းသည် ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရကြောင်း၊ ခွင့်ပြုချက် မရသော နှစ်များတွင် ဘာသာတူအိမ်များ တွင် ဘုရားရှိခိုးခြင်းကို တာဝန်ကျရဟန်းတော်များနှင့်ဘာသာဝင်များသည် ပြုလုပ်ခဲ့ရကြောင်း၊ ဒီလှိုင်သာယာသာသနာကို တိုးတက် အောင် သာသနာပြုခဲ့ ကြသော ရဟန်းတော်များနှင့်ဘာသာဝင်များကို ကျေးဇူးတင်ပါကြောင်း၊ ဒီလှိုင်သာယာသာသနာမှာ ဆလေးရှင်းရဟန်းအသင်းဂိုဏ်းကို ထားရှိရန် ကူညီလုပ်ဆောင်ပေးခဲ့တဲ့ မြန်မာပြည်ဆလေးရှင်းအသင်းဂိုဏ်းအုပ် ဘုန်းတော်ကြီး ဟောင်းဘုန်းတော်ကြီးမောရစ်ကို လည်း ကျေးဇူးတင်ပါကြောင်း၊ မိမိတို့ဟာ ဘုရားကျောင်းကို ဆောက်ရာတွင် ခက်ခဲမှုများ ကြုံခဲ့ရ သော်လည်း ဘုရားကျောင်းဆောက် လုပ်ပြီးနောက် ဒီသာသနာတွင်ရှိကြမည့် ကက်သလစ်ခရစ်ယာန်မိသားစုကို တည်ဆောက် ခြင်းဟာ ပိုပြီးခက်ခဲကြောင်း၊ ဒါကြောင့်မို့ သူများအကြောင်းကို အကောင်းတွေးပြီး သူများအကြောင်းကို အကောင်းပြောခြင်းနှင့် သူများအတွက် အကောင်းပြုလုပ်သော ကက်သလစ်ခရစ်ယာန်အဖွ့ဲအစည်းကို တည်ဆောက်ကြရန် တိုက်တွန်းလိုကြောင်း”” ဖြင့် ဘာသာဝင်များအား မိန့်ကြားတော်မူသည်။

လှိုင်သာယာကက်သလစ်သာသနာတော်၏ ဘုရားကျောင်းတည်ဆောက်မှုအပေါ် ဦးလန်နှင့်ဦးဧလိယတို့၏ ရင်တွင်းခံစားချက် ကို မေးမြန်းရာတွင် ““သိပ်ပျော်တာပေါ့။ ဘာသာဝင်တွေအားလုံးက ပျော်လွန်းလို့ ဘုရားကျောင်းဖွင့်ပွဲအတွက် အလှူငွေ လိုက် ကောက်တော့ ကျပ်သိန်း (၃၀) ကျော်ရတယ်။ ခန့်မှန်းတဲ့ဘတ်ဂျက်က ကျပ်သိန်း (၆၀) ဖြစ်တော့ ကျန်လိုငွေကိုတော့ ဆယ်ဖို့တစ်ဖို့ ကနေ ထုတ်သုံးတယ်။ ဒေါ်မတာဆိုရင် ဘုရားကျောင်းဖွင့်ခွင့်ရလို့ ဆိုပြီး ပီတိမျက်ရည်နဲ့စီးပွားရေး မကောင်းတဲ့အကြား ထဲက အလှူငွေကျပ်နှစ်သောင်းတောင် ထည့်တယ်။ ဆယ်ဖို့တစ်ဖို့ကတော့ တစ်နှစ်မှာ ကျပ်သိန်းနှစ်ရာကျော် ရတယ်။ အရင်တုန်းက ဆိုရင် ကျပ်ခုနှစ်သိန်းလောက်ပဲ ရခဲ့တယ်။ ဘုရားကျောင်းဆိုတာနဲ့ပတ်သက်ပြီး လုပ်ငန်းအားလုံးကို ကျောင်းထိုင်ဘုန်းတော်ကြီးနဲ့ အလှူရှင်တွေပဲ လှုပ်ရှားကြပါတယ်။ ဒါကြောင့်အသေးစိတ်ကိုတော့ ကျွန်တော်တို့ မသိဘူး။ ဆောက်တဲ့အချိန်မှာလည်း အလှူရှင်နဲ့ ဘုန်းကြီးက နယ်ကအလုပ်သမားတွေကိုပဲ ခေါ်လာတယ်”” ဟု အယ်ဒီတာအား ဖြေကြားသည်။

ဆက်လက်ပြီး သူတို့နှစ်ဦးက ““ဆလေးရှင်းဘုန်းကြီးတွေက တရားဟောတာ အရမ်းကောင်းတယ်။ အခုသူတို့ရောက်လာပြီဆိုတော့ လှိုင်သာယာသာသနာက တိုးတက်လာတော့မယ်လို့ ယုံကြည်ပါတယ်။ ဆလေးရှင်းသီလရှင်တွေကလည်း တက်တက်ကြွကြွလှုပ် ရှားပြီး လူငယ်တွေကို ပျိုးထောင်ပေးနေကြတော့ လူငယ်တွေလည်း ပိုပြီးတော့ အနာဂါတ်ကောင်းလာကြတော့မှာပါ”” ဟု သူတို့၏ဆလေးရှင်း အသင်းဂိုဏ်းအပေါ် ထားရှိသော မျှော်လင့်ချက်ကို ပြောဆိုကြပါသည်။ ၀၀၃ အယ်ဒီတာချုပ်

1625  Views
Previous: ရဟန်းမင်းကြီးသာ အခွင့်လွှတ်ရသောအပြစ်များကို အခွင့်လွှတ်ခွင့်ပေးနိုင်မည့် ရဟန်း (၆) ပါးကို ဗာတီကန်သို့ စေလွှတ်မည်ဟု ကာဒီနယ်ချားလ်စ်ဘို မိန့်ကြား
Next: ရန်ကုန်ကာဒီနယ်ချားလ်မောင်ဘိုက ဖိလစ်ပိုင်နိုင်ငံသမ်္မတ ဘန်နစ်နို အက်စ် အကွီနိုအား သွားရောက်တွေ့ဆုံတော်မူ