မိဘများသည် ကက်သလစ်သာသနာတော်၏ လက်ထပ်ခြင်းဆိုင်ရာသွန်သင်ချက်ကို လက်တွေ့ကျင့်ကြံခြင်းဖြင့် သားသမီးများထံ လက်ဆင့်ကမ်းသူများ ဖြစ်ကြ

007-b

ဗာတီကန်၊ ဇွန်လ ၁၅၊ CNS
ရဟန်းမင်းကြီးက ကလေးငယ်များသည် မိဘနှစ်ပါး တို့၏ နှစ်ဦးအကြား နမ်းရှုပ်ခြင်း၊ အပြန်အလှန်ကူညီဖေးမခြင်းနှင့် စကားအငြင်း အခုံများကို ငြိမ်းချမ်းစွာ ပြီးဆုံးသည်ကို မြင်တွေ့ရန် လိုအပ် ကြသည်ဟု ဇွန်လ ၁၄ ရက်နေ့က မီးမောင်းထိုးပြရင်း မိဘများအား မိန့်ကြားတော်မူလိုက်သည်။ ရဟန်းမင်းကြီးက “ချစ်လှစွာသောမိဘတို့၊ သင်တို့၏ ကလေးများက သင်တို့တစ်ယောက်နှင့် တစ်ယောက် ချစ်ခင် ကြင်နာခြင်းသည် မည်မျှပင်လှပ သည်ကို သင်တို့အား ကြည့်ခြင်းဖြင့် တွေ့ရှိရန်လိုအပ်သည်” ဟု ရောမ သာသနာတော်၏ နှစ်စဉ်ဘာသာရေး ဆိုင်ရာညီလာခံသို့ တက်ရောက် လာကြ သော မိဘများအား ဆော်သြ တော်မူလိုက်သည်။

၎င်းညီလာခံ၌၊ မိဘများသည် ပထမကိုယ်တော်မြတ်ရရှိမည့် ကလေးငယ်များနှင့် ခရစ်စ်္စမား အားပေးခြင်းကို ရရှိကြမည့်ကလေးငယ် များနှင့်အတူ ရဟန်းတော်များ၊ ဓမ်္မဆရာများပါဝင်လျက် ရဟန်း မင်းကြီးနှင့် စိန်ပီတာရင်ပြင်တွင် ဇွန်လ ၁၄ ရက်နေ့က တွေ့ဆုံခဲ့ ကြသည်။ ၎င်းင်းညီလာခံသည် ယုံကြည်ခြင်းကို လက်ဆင့်ကမ်းခြင်း ဟူသော အကြောင်းအရာကို ဦးတည် ပြီး ကျင်းပသောတွေ့ဆုံပွဲဖြစ်သည်။ အရှင်သူမြတ်သည် ရင်ပြင်ထဲသို့ ရောက်ရှိလာပြီး ကွင်းပြင်ထဲတွင် အဝါရောင်အင်္ကျိဝတ်ဆင်ထားသော ကလေးငယ်နှစ်ဦးကို မိမိ၏ကားပေါ် သို့ တက်ခိုင်းပြီး မိမိနှင့်အတူ လူထု ပရိသတ်အား လိုက်လံနှုတ်ဆက် ကြသည်။ ရဟန်းမင်းကြီးက ပြင်ဆင် ထားသော သြဝါဒကို ပေးရာတွင် မိမိစိတ်ထဲတွင် ဝင်လာသော ကလေးငယ်တစ်ဦး၏ စကားတစ်ခွန်း ဖြစ်သော “သားက ဖေဖေနဲ့မေမေတို့ နမ်းတာကိုမြင်တယ်” ဟု ပြောသော စကားကို ပြန်ပြောင်းပြောဆိုရင် မည်မျှပင်လှပသော ကလေးငယ်၏ သက်သေဖြစ်သည်ကို လူထုပရိသတ် အား မိန့်ကြားတော်မူသည်။

ရဟန်းမင်းကြီးက “ကလေးငယ်များသည် မိမိတို့၏ မိဘများကို သေချာကြည့်နေ ကြကြောင်း၊ သူတို့သည် အများကြီး ကြည့်နေကြကြောင်း၊ မိဘနှစ်ပါး တို့၏အချင်းချင်း ချစ်ခင်ကြင်နာမှုကို မြင်တွေ့ရသောကလေးငယ်များသည် ချစ်ခြင်း၊ ပျှော်ရွှင်ခြင်းနှင့်လုံခြုံခြင်း ပတ်ဝန်းကျင်၌ ရှင်သန်ကြီးထွား လာကြမည်။ သို့သော် မိဘနှစ်ပါးက တစ်ယောက်နဲ့တစ်ယောက် အော်ဟစ် ဆဲဆိုခြင်း၊ စော်ကားသောစကား ပြောဆိုခြင်းနှင့် ကိုယ်ထိလက်ရောက် ရန်ဖြစ်ကြသည်ကို တွေ့မြင်သော ကလေးငယ်များသည် စိတ်ဒါဏ်ရာ များဖြင့် ကြီးထွားကြမည်” ဖြစ်သည် ဟု သွန်သင်တော်မူလိုက်သည်။

ဆက်လက်ပြီး ရဟန်းမင်းကြီး က “မိဘတို့၊ ခင်ဗျားတို့က တစ်ယောက်နဲ့တစ်ယောက် အော်ဟစ် ဆဲဆိုခြင်း၊ စော်ကား သောစကား ပြောဆိုခြင်းနှင့် ကိုယ်ထိလက်ရောက် ရန်ဖြစ်ကြတယ်ဆိုရင် ပထမဆုံး နစ်နာတဲ့သူတွေကတော့ ခင်ဗျားတို့ရဲ့ သွေးနဲ့မွေးထားတဲ့ ခင်ဗျားတို့ရဲ့ သားသမီးအရင်းတွေပဲ ဖြစ်ကြ ပါတယ်။ မှန်ပါတယ်။ ယောင်္ကျားနဲ့ မိန်းမက ချစ်ကြလို့ပဲ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး မိသားစုဘဝကို စတင်တည်ဆောက်ခဲ့ကြပါတယ်။ ဒီမိသားစုဘဝက ပုဂိုလ်သုံးပါး မိသားစုနဲ့တူပါတယ်။ မတူညီကွဲပြား ခြင်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြပြီး ဘဝအသစ်ကို တည်ဆောက်ကြခြင်း ဖြစ်ပါတယ်” ဟု နှိုင်းယှဉ်ပြီး မိန့်ကြားတော်မူ သည်။

အရှင်သူမြတ်က “မိဘ ဖြစ်ရခြင်းသည် ကွဲပြားသော အမျိုးသားဖြစ်ခြင်းနှင့် အမျိုးသမီး ဖြစ်ခြင်းပေါ်တွင် အခြေခံထားသည် ကို သမ်္မာကျမ်းစာက သတိပေးပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းင်းအချက် သည် မတူညီသောလူသားဖြစ်ခြင်း၌ အခြေခံသည်ကို အမြဲတမ်းသတိ ရှိနေရမည်” ဟု မီးမောင်းထိုးပြ တော်မူသည်။ ရဟန်းမင်းကြီးက မိဘများအား သတိပေးရာ၌၊ မိဘများ သည် မိမိတို့၏ကလေး ငယ်များကို ကျောင်းဆရာများ သို့မဟုတ် ကျောင်းသုံး ဖတ်စာအုပ်များက ကျားနှင့်မ ကွဲပြားခြင်းသည် အရေး မကြီးကြောင်း သို့မဟုတ် လူမှုရေး လောက သက်သက်အတွက်သာ ဖန်ဆင်းထားသည်ဟူသော သင်ကြား ပေးမှုများကို သတိရှိရှိတိုက်ခိုက် တုံ့ပြန်ရန် အရေးကြီးသည်ဟု ဆော်သြတော်မူလိုက်သည်။ လက်ထပ် ထိမ်းမြားခြင်းသည် မိမိတို့ လင်နှင့်မယားတို့၏ကွဲပြားမှု အပေါ် တွင် တစ်ဦးနှင့်တစ်ဦးချစ်ခင်ကြင်နာ ကြရန် ဖြစ်သည့်အပြင် ယောင်္ကျား၊ မိန်းမပိုမိုပီသလာရန်အတွက် တစ်ယောက်နှင့်တစ်ယောက် ကူညီ ပေးကြ ရန်အတွက် ပေါင်းစည်းခြင်း ဖြစ်သည်ဟု ပုပ်ဖရန်စစ်က သွန်သင် တော်မူသည်။

ပုပ်ဖရန်စစ်က၊ ယနေ့ခေတ် ကမ်္ဘာကြီး၌ လူအများက ကွဲပြားမှုကို ကြောက်ရွံ့နေကြကြောင်း၊ ခရစ်ယာန် မောင်နှံများက မိမိတို့၏ သားသမီး များနှင့်အဖွဲ့အစည်းများအား မတူ ကွဲပြားခြင်းသည် ပြည့်ဝစုံလင်ခြင်း၏ ရင်းမြစ်ဖြစ်သည်ကို ပြသရန်လိုအပ် ကြောင်း၊ အကြောင်းရင်းကား ၎င်းင်း ပြည့်ဝစုံလင်ခြင်းသည် အပြန်အလှန် အကျိုးပြုခြင်းဖြစ်ကြောင်း၊ ယောင်္ကျား ဖြစ်ခြင်းနှင့် မိန်းမဖြစ်ခြင်းသည် လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုး ပြုသည်ဆိုသောအချက်ကို သားသမီး များအားပြသပေးကြရန် မိဘများအား တိုက်တွန်း တော်မူလိုက်သည်။ ရဟန်းမင်းကြီးက မိမိများအနေဖြင့် အမှန်တကယ်အခက်အခဲကြုံရလျှင် သားသမီးများထံမှ အကူအညီ တောင်းခံရမည်၊ လင်မယား အတူတူနေထိုင်ရန် ခက်ခဲလျှင်လည်း စည်းလုံးစွာဖြင့် အလုပ်ကို အတူတကွ လုပ်ကြရန်နှင့် သားသမီးများကို တရားခံမဖြစ်စေကြရန်၊ သူများ မကောင်းကြောင်းကို သားသမီးများ အား ဘယ်တော့မှ ဘယ်တော့မှ မပြောပြကြရန် အကြံပေးတော် မူလိုက်သည်။

ဂျိုးဇက်

1424  Views
Previous: ဘဝမြင့်ပြီး အာဏာရှင်လူတန်းစားအဖြစ် မနေထိုင်ကြရန် ဗာတီကန်သံတမန်များအား ရဟန်းမင်းကြီးဖရန်စစ်က သတိပေးတော်မူ
Next: အမေရိကန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုနှုန်း ကျဆင်းလာသည်ဟု လူ့အသက်ကိုကာကွယ်သည့် အဖွဲ့အစည်းတစ်ခုက ပြောဆို