ဘဝမြင့်ပြီး အာဏာရှင်လူတန်းစားအဖြစ် မနေထိုင်ကြရန် ဗာတီကန်သံတမန်များအား ရဟန်းမင်းကြီးဖရန်စစ်က သတိပေးတော်မူ

 

CIaZLNOUkAAJOrN

ဗာတီကန်၊ ဇွန်လ ၂၅၊ CNA
ရဟန်းမင်းကြီးဖရန်စစ်က နိုင်ငံတကာတွင် တာဝန်ထမ်းဆောင် နေကြသော ဗာတီကန်သံတမန်အား မိမိတို့သည် ဗာတီကန်နိုင်ငံ၏ အကြီးတန်းဝန်ထမ်း၊ ဘဝင်မြင့်သော သံတမန်များနှင့် စည်းစိမ်ခံသော သံတမန်များအဖြစ် မခံယူကြရန် ဇွန်လ ၂၅ ရက်နေ့က သတိပေး တော်မူလိုက်သည်။ ရဟန်းမင်းကြီးက ဗာတီကန်သံတမန်အား တွေ့ဆုံရာ တွင် မိမိတို့တာဝန်ယူထားရသော လုပ်ငန်းများအား မိမိတို့၏ကိုယ်ပိုင် လက်ဖြင့် လုပ်ဆောင်ရဲသော စစ်မှန် သော သိုးထိန်းများဖြစ်ကြရန် ဗာတီကန်သံတမန်များနှင့် ဗာတီကန် သံတမန်ဆိုင်ရာတက်္ကသိုလ်တွင် ကျောင်းတက်နေကြသော ကျောင်းသား များအား လက်ခံတွေ့ဆုံပွဲတွင် မိန့်ကြားတော်မူလိုက်သည်။
ရဟန်းမင်းကြီးဖရန်စစ်က ဗာတီကန်သံတမန်များ၏ ပုံသွင်း လေ့ကျင့်ခြင်းမှုသည် မိမိကိုယ်ကို အထက်တန်း လူတန်းစားဟူသော ဘဝင်မြင့်စိတ်ကို ကာကွယ်ပေးရန်နှင့် တခြားသူများကို ဆက်သွယ်ပေါင်းကူး ပေးသော သံတမန်များ ဖြစ်ကြရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု မီးမောင်း ထိုးပြတော်မူလိုက်သည်။ ကက်သလစ် သာသနာတော်၏ အနာဂါတ်သံတမန် လုပ်ငန်း၏ ရည်မှန်းချက်ကို ချပြရာ တွင် ဗာတီကန်သံတမန်များသည် ရဟန်းမင်းကြီး၏ကိုယ်စားလှယ်များ ဖြစ်ကြကြောင်း၊ ကက်သလစ် သာသနာတော်၏ တာဝန်သည် မေတ်္တာတရားလုပ်ငန်းကို လုပ်ဆောင် ရန်ဖြစ်ကြောင်း၊ ထို့ကြောင့် မေတ်္တာ တရားအပေါ် တည်ဆောက်ထား သော ကက်သလစ်သာသနာတော် သည် အကျိုးမရှိသော မောက်မာ ထောင်လွှားခြင်းအပေါ်တွင် မမှီခို မတည်ဆောက်ထားဘဲ အသင်းတော် ၏ဆရာသခင်ဖြစ်တော်မူသော ခရစ်တော်ယေဇူးဘုရားရှင်ပေါ်တွင်သာ မှီခိုတည်ဆောက်ထားသည်ဟု သွန်သင်ဆုံးမတော်မူလိုက် သည်။
ဆက်လက်ပြီး ရဟန်းမင်း ကြီးက သံတမန်လောင်းများအား မိန့်ကြားရာတွင်၊ မိမိတို့ကိုယ်တိုင် ထွန်ယက်စိုက်ပျိုးထားသော မျိုးစေ့ များ၏အသီးများကို မြတ်စွာဘုရား ရှင်ကဲ့သို့ စိတ်ရှည်သည်းခံကြရန် လိုအပ်ကြောင်း၊ တစ်ခါတရံတွင်မူ မိမိတို့စိုက်ထားသောမျိုးစေ့၏ ရလဒ် အသီးအပွင့်များသည် မိမိတို့၏ဘ၀ တွင် ထွက်ပေါ်ချင်မှထွက်ပေါ်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂါတ် သံတမန်များသည် လုံခြုံစိတ်ချ ရသော ငါးကန်နှင့်လယ်ထဲများတွင် ငါးဖမ်းခြင်းကို မပြုလုပ်ဘဲ မြင်ကွင်း အားနည်းသော ပင်လယ်ထဲတွင် မိမိတို့၏ပိုက်ကွန်များကိုချပြီး ငါးကို ဖမ်းကြရန် တိုက်တွန်းတော်မူလိုက် သည်။
ရဟန်းမင်းကြီးက ဗာတီကန်သံတမန်များသည် နိုင်ငံ တကာတွင် သံတမန်တာဝန်များကို ထမ်းဆောင်ရာတွင် မိမိတို့၏မျက်နှာ သွင် ပြင်များအား ခရစ်တော်ဘုရား၏ မျက်နှာကဲ့သို့ ထားရှိရန်လိုအပ် ကြောင်း၊ ခရစ်တော်ဘုရား၏ မိန့်မှာချက်ဖြစ်သော ငါ့ကိုမြင်သော သူသည် ငါ၏ခမည်းတော်ဘုရားကို မြင်တွေ့ခြင်းပင်ဖြစ်သည်ဟု ဆိုသကဲ့ သို့၊ ခရစ်တော်၏မျက်နှာသည်ကား အမှန်တရားနှင့် ချစ်ခြင်းမေတ်္တာပင် ဖြစ်ကြောင်း၊ ထို့ကြောင့် သံတမန်များ အနေဖြင့် အမှန်တရားကို ကာကွယ် စောင့်ရှောက်သူများ ဖြစ်ကြရန်လိုအပ် သည်ဟု ဆုံးမတော်မူသည်။

ဝင်းလှိုင်ဦး

1413  Views
Previous: ဗာတီကန်က ဘောစ်နီယားနှင့် ဟာဇေကိုဗီနီယားနိုင်ငံက မယ်တော်သခင်မ၏ တန်ခိုးတော်ကို အသိအမှတ် မပြုကြောင်း ထုတ်ပြန်
Next: မိဘများသည် ကက်သလစ်သာသနာတော်၏ လက်ထပ်ခြင်းဆိုင်ရာသွန်သင်ချက်ကို လက်တွေ့ကျင့်ကြံခြင်းဖြင့် သားသမီးများထံ လက်ဆင့်ကမ်းသူများ ဖြစ်ကြ