ဘုရားရှင်မြတ်၏ ဓမ္မအာဇနည်များက နတ်ဆိုး၏အမုန်းတရားကို အနိုင်ယူကြသည်ဟု ရဟန်းမင်းကြီးဖရန်စစ်က မီးမောင်းထိုးပြတော်မူ

ပေ့ညေ

ဗာတီကန်၊ ဧပြီလ ၂၂၊ CNS

နတ်ဆိုး၏ ခရစ်တော်ဘုရားအား မုန်းတီးခြင်းနှင့် ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် မုန်းတီးခြင်းသည် အသင်းတော်ကို စတင် ထူထောင်ချိန်ကစပြီး ခံစားခဲ့ရသော ညှင်းပန်းနှိပ်စက်ခြင်း၏ အမြစ်ရင်းဖြစ်သည်ဟု ဧပြီလ (၂၂) ရက်နေ့က မိန့်ကြားတော်မူ လိုက်သည်။ အရှင်သူမြတ်က “ဤ ဟောင်းနွမ်း (သို့မဟုတ်) သစ်လွင် သည်ဖြစ်စေ၊ ရဲရင့်သောသက်သေများ၏ မှတ်တမ်း ကကက်သလစ်သာသနာတော်သည် ဓမ္မအာဇနည် သာသနာတော်ဖြစ်သည်ဟူသော အသိတရားကို အတည်ဖြစ်စေပြီး ဓမ္မအာနည်များသည် မိမိတို့သေဆုံးသည့်အထိ ယေဇူးခရစ်တော်ဘုရားကို သက်သေခံနိုင်သော ကျေးဇူးတော် ကိုရရှိခဲ့ကြ သည်” ဟု မီးမောင်း ထိုးပြတော်မူသည်။

ရဟန်းမင်းကြီးက “အမှန်တကယ် သမိုင်းကို သေချာ လေ့လာလျှင် ညှင်းပန်းနှိပ်စက်ခြင်းတိုင်း၏ အကြောင်းခံမှာ ကမ္ဘာ့ဘု ရင်များက ယေဇူးဘုရားရှင်၏ သေခြင်းနှင့်ရှင်ပြန်ထမြောက် ခြင်းအားဖြင့် ကယ်တင်ခြင်းခံကြရသူများအပေါ် ထားရှိသော အမုန်းတရားပင်ဖြစ်သည်” ဟု မိန့်ကြားတော်မူသည်။

၂၀ ရာစု ရဟန္တာသစ်များအား ဂုဏ်ပြုသောဘုရားကျောင်းကို ရောမမြို့တွင် တည်ဆောက်ထားပြီး ၎င်းဘုရားကျောင်းကို ရဟန်္တာဘာတိုလိုမေဘုရား ကျောင်းတော်ကြီးဟု ဘွဲ့နာမပေးသည်။ ၎င်းဘုရားကျောင်းသည် ၁၀ ရာစုအကုန်၌ တည် ဆောက်ခဲ့ ခြင်းဖြစ်ပြီး ၂၀ ရာစုဓမ္မအာဇာနည်များ၏ ဓါတ်တော်အများ အပြားကို ၎င်းဘုရားကျောင်းထဲတွင် ထည့်သွင်းထား သည်။

၂၀ ရာစုဓမ်္မအာဇာနည် များ၏ ဓါတ်တော်များကို စုဆောင်းခြင်းသည် ၂၀၀၀ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ပြီး နှစ် ၂၀၀၀ ဂျုဗလီပွဲ မတိုင်မီတွင် ရဟန်းမင်းကြီး ယောဟန်ပေါလူး (၂) က “ဓမ္မအာဇာနည်သစ်များကော်မရှင်”ကို ဗာတီကန်၌ ဖွဲ့စည်းခဲ့ပြီး ၎င်း ကော်မရှင်က ခရစ်တော်အတွက် အသတ်ခံကြရသူများကို ရဟန္တာအဖြစ်တင်မြှောက်နိုင်ရန်အလို့ငှါ လိုအပ်သော လေ့ လာ စုံစမ်းခြင်းများကိုပြုလုပ်ရသည်။

၎င်း “ဓမ်္မအာဇာနည်သစ်များကော်မရှင်”သည် ခရစ်တော်၏တရားတော်အတွက် ရဲရင့်စွာ သက်သေခံရင်း အသတ်ခံကြ ရသောရဟန္တာများ၏ အမှုတွဲပေါင်း (၁၂၀၀၀) ကို ပြုစုထားပြီး ဖြစ်သည်။ ၎င်းဘုရားကျောင်းသို့ လာရောက်ဂရဝပြုသော ဒုတိယရဟန်းမင်းကြီးအဖြစ် ရဟန်းမင်းကြီး ဘေနေဒစ် (၁၆) က ၂၀၀၈ ခုနှစ်၊ ဧပြီလတွင်လည်းကောင်း၊ တတိယမြောက် ရဟန်းမင်းကြီးအဖြစ် ရဟန်းမင်းကြီးဖရန်စစ်ကလည်းကောင်း၊ ဘုရားဖူးလာခဲ့ကြသည်။

ဆက်လက်ပြီး ရဟန်းမင်းကြီးဖရန်စစ်က ဓမ္မအာဇာနည်သစ်များအား ဂုဏ်ပြုသော ဘုရားကျောင်းသို့ လာရောက်လည်ပတ် ချိန်တွင် “မြောက်များစွာသော ခရစ်ယာန်မိသားစုများသည် ညှင်းပန်းနှိပ်စက်ခြင်း၏ တရားခံများ ဖြစ်နေကြရသော်လည်း ဓမ်္မအာဇာနည်များသည် အသင်းတော်၏လတ်ဆတ်သော သွေးစက်များဖြစ်ကြကြောင်း၊ အသင်းတော်ကို ရှေ့သို့ဆက်လက် ခေါ်ဆောင်ကြသူများဖြစ်ကြသည်” ဟု ဝမ်းနည်းစွာဖြင့် မိန့်ကြားတော်မူသည်။

ရဟန်းမင်းကြီးဖရန်စစ်က “မိမိ၏ ၂၀၁၆ ခုနှစ်က ဂရိနိုင်ငံ၊ လစ်စဘိုကျွန်းသို့ သွားရောက်ပြီး ဒုက္ခသည်များနှင့်တွေ့ဆုံချိန် တွင် ကလေးငယ် (၃) ဦး၏ဖခင်ဖြစ်သော မွတ်ဆလင်ခရစ်ယာန်အမျိုးသားတစ်ဦးက အကြမ်းဖက်သူပုန်များသည် မိမိတို့ အိမ်ထဲသို့ဝင်ရောက်လာပြီး အိမ်ထဲ၌ ချိတ်ထားသော ခရစ်တော်ပုံပြသည့် လက်ဝါးကားတိုင်ကို ဖြုတ်ပြီးလွှင့်ပစ်ခိုင်းသော် လည်း မွတ်ဆလင်ခရစ်ယန်အမျိုးသား၏ဇနီးက ငြင်းဆန်သဖြင့် အိုင်အက်စ် သူပုန်မျာက သူမအား မိမိတို့ရှေ့တွင်ပစ်သတ် ခဲ့ကြောင်း၊၎င်းအမျိုးသမီးသည် ဓမ္မအာဇာနည်သစ်ပင်ဖြစ်ပြီး သူမ၏အမှုတွဲများကို ဤဘုရားကျောင်းထဲတွင် ထားရှိသင့် သည်” ကို ရင်ဖွင့်စကား ပြောပြကြောင်းဖြင့် ပြန်လည်ဝေမျှတော်မူသည်။

956  Views
Previous: အာဂျင်တီနားနိုင်ငံ၌ ကိုယ်တော်မြတ်မုန့်တော်မှ သွေးယိုစီးမှု ဖြစ်ပွား
Next: အမေရိကန်အစိုးရက ကက်သလစ်သီလရှင် ကယ်ရိုလင်းတာဟန်အား “ရဲရင့်သောအမျိုးသမီး” ဟူသော ဆုကိုချီးမြှင့်