ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးခြင်း၌ အမျိုးသမီးများ ပါဝင်ကြရန်အထူးလိုအပ်ဟု ရဟန်းမင်းကြီးက မိန့်ကြားတော်မူ

19801039_2013380322230635_5353561673537846921_o

ဗာတီကန်၊ ဇွန်လ ၉၊ ၂၀၁၇ CNA

ရဟန်း မင်းကြီးဖရန်စစ် အရှင်သူမြတ်က အမျိုးသမီး များသည် မိမိတို့၏ ပင်ကိုယ်စွမ်း ရည်ကပင် လူ့အဖွဲ့အစည်း၏ ကဏ္ဍပေါင်းစုံတွင် လိုအပ်နေသော ခင်မင်ရင်းနှီးခြင်းနှင့် မောင်နှမစိတ်ဓါတ် ထားရှိတတ်ခြင်း စသော မွေးရာပါစွမ်း ရည်များကို ပိုင်ဆိုင်ကြပြီး ကိုးကွယ်ရာ ဘာသာပေါင်းစုံ ဆွေးနွေးခြင်းတွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်ရန် အထူးလိုအပ် နေပြီဖြစ်သည်ဟု ဇွန်လ (၉) ရက်နေ့က မိန့်ကြား တော်မူလိုက်သည်။

“ယနေ့ခေတ်တွင် အမျိုးသမီး များ၏ ပါဝင်လှုပ်ရှားခြင်းသည် ပိုပြီးလိုအပ်လာပါတယ်။ ထူးခြားသော ကိုယ်ရည်ကိုယ်သွေးများကို ပိုင်ဆိုင် ထားကြသော အမျိုးသ မီးများက မိမိတို့၏ မွေးရာပါစွမ်း ရည်ဖြစ်ကြသော တခြားသူများ ၏ပြောဆိုမှုကို နားထောင် ပေးနိုင်ခြင်း၊ တခြား သူများကို နွေးထွေးစွာကြိုဆိုနိုင်ခြင်းနှင့် တခြားသူများအတွက် မိမိကိုယ်ကို ရက်ရက်ရောရော ပေးဆပ်နိုင်ခြင်းများကိုအသုံးချပြီး တွေ့ဆုံ ဆွေးနွေးခြင်းထဲတွင် အရေးကြီးသော ထည့်ဝင်မှုကို ပေးကမ်းနိုင်ကြပါတယ်” ဟု အရှင်သူမြတ်က မီးမောင်းထိုးပြ တော်မူသည်။

အရှင်သူမြတ်သည် ဇွန်လ (၉) ရက်နေ့က ရောမမြို့တွင် ကျင်းပပြုလုပ်သော ရဟန်းအမတ်ဂျိမ်း လူးဝီစ်တော်ရာ ဦးဆောင်သော ရဟန်းမင်း ကြီးရုံးနှင့် ဆိုင်သော ကိုးကွယ်ရာဘာသာ ပေါင်းစုံဆွေးနွေးခြင်းကော်မရှင် (The Pontifical Council for Interreligious Dialogue) ၏ နှစ်ပတ်လည် မျက်နှာစုံညီအစည်း အဝေးသို့ တက်ရောက် လာကြသော အဖွဲ့ဝင်များအား ထိုကဲ့သို့ မိန့်ကြားတော်မူခြင်း ဖြစ်သည်။

၎င်းအစည်း အဝေးတွင် ကော်မရှင်အဖွဲ့ဝင်များက တကမ္ဘာလုံးဆိုင် ရာမောင်နှမ စိတ်ဓါတ်ထားရှိခြင်းနှင့် ဆိုင်သော ပညာပေးလုပ်ငန်း တွင် အမျိုးသမီးများ ၏အခန်းကဏ္ဍ the Role of women in educating in universal fraternity ဟူသောခေါင်းစဉ် ဖြင့် ဆွေးနွေး ခဲ့ကြသည်ဟု သတင်းရရှိသည်။

၎င်းအဖွင့် မိန့်ခွန်းထဲတွင် ရဟန်းမင်းကြီးက “ကမ္ဘာကြီးကို ဆိုးကျိုးများဖြစ် စေသော မကောင်းမှုများ ကြောင့် ကံမကောင်း စွာဖြင့်ပြော ရသော် ယနေ့ခေတ်ကြီးမှာ အမျိုးသမီး များသည် တကမ္ဘာလုံးဆိုင်ရာ မောင်နှမစိတ်ဓါတ် ထားခြင်းနှင့်ဆိုင်သော သင်ကြားပေး သူများ အဖြစ် မမြင်ကြသည်ကို သတိထားမိကြောင်း၊ ယခုဆွေးနွေးသော ခေါင်းစဉ်ဟာ ငြိမ်းချမ်းရေးနှင့် မောင်နှမစိတ်ဓါတ် ထားရှိခြင်း ဦးတည် သော လူသားတို့၏ လမ်းစဉ်အတွက် အင်မတန် အရေးကြီးကြောင်း၊ ယခုလမ်း စဉ်သည် ရှင်းလင်းသော လမ်းစဉ်မဟုတ်ဘဲ အခက်အခဲ များနှင့် အဟန့်အ တားများက ဝန်းရံနေကြောင်း၊ ဘယ်လိုမျိုးဖြစ်နေစဉ် အမျိုးသမီး များသည် အမျိုးသားများနှင့် ပူးပေါင်းပြီး အထိရောက် ဆုံးနှင့် အပြတ်သား ဆုံးသော အခြေအနေပေါ်တွင် သင်ကြားပေး သူများအဖြစ် မိမိတို့၏တာဝန်များကို ဆက်လက်အ ကောင်အထည် ဖော်ကြရန် လိုအပ်ကြောင်း” ဖြင့် မှတ်ချက်ပြုတော်မူသည်။

ဆက်လက်ပြီး ရဟန်းမင်းကြီးက အစည်းအဝေးသို့ တက်ရောက်ကြ သူများအား အချက် (၃) ချက်ဖြစ်သော မောင်နှမ စိတ်ဓါတ်တည် ဆောက်ခြင်းနှင့် တွေ့ဆုံဆွေးနွေးမှုတို့တွင် အမျိုးသမီးများ၏ ပညာပေးကဏ္ဍကို တန်ဖိုးသုံးသပ်ပြီး တစ်ကမ္ဘာလုံးသက် ဆိုင်ခြင်းနှင့်အ များနှင့် သက်ဆိုင်ခြင်းဖြင့် အမှတ်ခံရသော ရှုပ်ထွေးရသော လူ့အဖွဲ့အစည်းထဲတွင် တကမ္ဘာလုံးဆိုင်ရာ မောင်နှမစိတ်ဓါတ် ထားခြင်းနှင့် ဆိုင်သော သင်ကြားပေးသူ များအဖြစ် အမျိုးသမီးများ၏ စွမ်းရည်ကို ပိုပြီးကြီးကြီးမားမား အသိအမှတ်ပြုရန် လိုအပ်လာပြီဖြစ်ကြောင်း ဖြင့်မီးမောင်းထိုး ပြတော်မူသည်။

ရဟန်းမင်း ကြီးဖရန်စစ်က “တကယ်လို့ အမျိုး သမီးများက မိမိတို့၏စွမ်း ရည်များကို လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် နိုင်ငံရေး၊ လူမှု ရေး နဲ့ ဘာသာရေးတွေထဲမှာ လွတ်လပ်စွာ ပါဝင်အသုံး ချနိုင်မယ်ဆိုရင် ၎င်းလူ့အဖွဲ့ အစည်းဟာ ရှေရှည်ခံသော စည်းလုံးခြင်းကို ရရှိမှာဖြစ်သလို ပိုပြီးပြောင်းလဲ ကောင်းမွန်လာ မှာဖြစ်ပါတယ်” ဟု အကြံပြုသွားသည်။

936  Views
Previous: ပြည်သူ့ချွေးငွေ အကျိုးရှိရန် မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ် Myanmar Fiscal Year ကို သြဂုတ်လသို့ အမြန်ပြောင်းပါ
Next: အင်ဒိုနီးရှားနိုင်ငံမှ ကက်သလစ်ဆရာတော်တစ်ပါး၏ သာသနာငွေကို အလွဲသုံးစားပြုခြင်းကြောင့် ရဟန်း (၆၉) ပါးက တာဝန်မှဆန္ဒပြအနားယူ