ဗာတီကန် က အီရန်၏ သမိုင်းဝင် နျူးကလီးယားသဘောတူညီမှုအား ကြိုဆို

ဗာတီကန်၊ ၁၄ ဂျူလိုင်၊၂၀၁၅ CH

ဗာတီကန်နိုင်ငံ (ရဟန်းမင်းကြီးရုံး)က အီရန်နိုင်ငံ၏ နျူးကလီးယားဆိုင်ရာ အပေးအယူ လုပ်ပြီး သဘောတူညီချက်ရရှိမှုအပေါ် ကြိုဆိုထောက်ခံကြောင်းဖြင့် ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ဆက်လက်ပြီးဗာတီကန်က ယခုကဲ့သို့သော အီရန်၏နျူးကလီးယား သဘော တူညီချက်သည် အခြားအကြောင်းအရာများကိုလည်း ကျော်ဖြတ်နိုင်ရန် မျှော်လင့်ချက်ရှိလာပြီ ဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။

ဗာတီကန်ပြောရေးဆိုခွင့်ရှိသော ဘုန်းတော်ကြီး လွမ်ဘားဒီက ဂျူလိုင်လ (၁၄) ရက်တွင် သတင်းထောက်များကိုပြောကြားရာ၌ အီရန်နျူးကလီးယားအရေးနှင့်ပတ်သက်ပြီး သဘော တူညီချက်ကိုရရှိပြီးဖြစ်သော်လည်း ဆက်လက်ကြိုးပမ်းလုပ်ဆောင်ရမည့်လုပ်ငန်းများနှင့် သဘောတူ ထားသောအချက်များကို သက်ဆိုင်သူအားလုံးက လိုက်နာကြမှသာ မျှော်မှန်းသောရလဒ်များကို ရရှိလာနိုင်ကြမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သူက ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများတွင် နျူးကလီးယားအစီအစဉ်များပင် တခြားသောလုပ်ငန်းများဟူ၍ ထုတ်ပြန်ထားသော်လည်း ၎င်းင်းတခြားသောလုပ်ငန်းများကိုမူ အသေး စိတ်ပြောကြားထားခြင်းမရှိပေ။

၎င်းသဘောတူညီချက်ကိုရရှိခြင်း၊ အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက်္ကဌဖြစ်တော်မူသော ဆရာတော်ကြီး အော်စကာကန်တူက ၎င်းင်းသဘောတူညီချက်ကို ကြိုဆို လိုက်ပြီး၊ အမေရိကန်လွှတ်တော်အမတ်များကိုလည်း ၎င်းင်းသဘောတူညီချက်ကို ထောက်ခံကြရန် တောင်းဆိုလိုက်ပြီး ၎င်းင်းသဘောတူညီချက်သည် ကမ်္ဘာ့နျူးကလီယားမပြန့်ပွားရေးကို အထောက် အကူပြုမည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု မှတ်ချက်ပြုတော်မူလိုက်သည်။

ဆရာတော်ကြီးက ကျွန်ုပ်တို့သည် ၎င်းင်းသဘောတူညီချက်တွင် သက်ဆိုင်သော အစိုးရ မင်းများအားလုံးက အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုများကို တည်ဆောက်ပေးနိုင်မည့် ဝန်းကျင်တစ်ခုကို တဖြည်းဖြည်းချင်းဖန်တီးရယူပြီး ဒေသတစ်ခုလုံးတွင် ပိုမိုကြီးမားသော တည်ငြိမ် ခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ပိုမိုဖြစ်ထွန်းလာစေမည်ဖြစ်ကြောင်း၊ ၎င်းင်းစိတ်ဓါတ်အပေါ် အခြေခံပြီး မိမိတို့ကက်သလစ်ဆရာတော်များအဖွဲ့ချုပ်အနေဖြင့် အကျယ်အလည်ဆွေးနွေးထား သော သဘောတူညီချက်ကို လွှတ်တော်ကထောက်ခံရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုမှသာ ကက်သလစ်သာသနာတော်၏ စိုးရိမ်ချက်ဖြစ်သော လက်နက်ကိုင်ပဋိပက်္ခကို ဟန့်တား စေနိုင်မည် ဖြစ်ကြောင်းဖြင့် အကျယ်တဝင့် မိန့်ကြားတော်မူသည်။

ဟယ်လင်

1315  Views
Previous: ဗာတီကန်နိုင်ငံ (ကက်သလစ်သာသနာတော်၏ ဗဟိုဌာနချုပ်) ၏ ၂၀၁၄ ဝင်ငွေသည် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ရှိလာ
Next: လူအများအပြားကို သေစေသော မားစ်ရောဂါကို ကုသပေးကြသော ကက်သလစ်ဆရာဝန်များအား တောင်ကိုရိးယား ကာဒီနယ်အန်ဒရူးယွမ်က ကျေးဇူးတင်ဂုဏ်ပြုတော်မူ