ဗာတီကန်နိုင်ငံဘဏ်က ၂၀၁၆ ခုနှစ်အတွင်း အမြတ်ငွေ (ယူရို ၃၆ သန်း) ရရှိဟု ရဟန်းမင်းကြီးရုံး သတင်းထုတ်ပြန်

19884101_2014320812136586_7519918757813901991_n

ဗာတီကန်၊ ဇွန်လ ၁၂၊ ၂၀၁၇ CHK

ဗာတီကန်နိုင် ငံဘဏ်က ၂၀၁၆ ခုနှစ်အတွင်း အမြတ်ငွေ (ယူရို ၃၆ သန်း) ရရှိဟု ရဟန်းမင်း ကြီးရုံးမှ ဇွန်လ (၁၂) ရက်နေ့၌ ဘဏ်၏နှစ် ပတ်လည်အ စီရင်ခံစာကို ထုတ်ပြန်လိုက်သည်။ ၎င်းဘဏ်၏ ပိုင်ဆိုင်မှုပစ္စည်း တန်ဖိုးသည် ယူရို ၅၇ သန်းဖိုးရှိပြီး ဘဏ်၏ ဖောက် သည်ဦးရေမှာ (၁၅၀၀၀) ရှိကြရာ ဘဏ်၏အ များစုသော ဖောက်သည် များသည် တကမ္ဘာလုံးရှိ ကက်သလစ် သူတော်စင် အသင်း ဂိုဏ်းများ၊ ဗာတီကန် ရုံးများ၊ ဗာတီကန်ဝန် ထမ်းများနှင့် ရဟန်းများဖြစ်ကြ သည်ဟု ၎င်းအစီရင် ခံစာ၌ ဖော်ပြထားသည်။

ဤအစီ ရင်ခံစာကို မထုတ်ပြန်ခင် ဗာတီကန်ဘဏ် ၏ငွေစာရင်းကို ပြင်ပငွေစာ ရင်းစစ်အဖွဲ့က စစ်ဆေးပြီး ကာဒီနယ်များက အတည်ပြု ပေးခြင်းကို ရယူကြသည်။ ၎င်းအစီရင် ခံစာက ဘဏ်၏လုပ် ငန်းများမှ ရရှိလာသော အမြတ်ငွေများ အားလုံးသည် ရဟန်းမင်းကြီး ရုံးတော်သို့  လွှဲပြောင်းပေး မည်ဖြစ်သည်ဟု ဖော်ပြထားသည်။

994  Views
Previous: အင်ဒိုနီးရှားနိုင်ငံမှ ကက်သလစ်ဆရာတော်တစ်ပါး၏ သာသနာငွေကို အလွဲသုံးစားပြုခြင်းကြောင့် ရဟန်း (၆၉) ပါးက တာဝန်မှဆန္ဒပြအနားယူ
Next: ရဟန်းမင်းကြီးဟောင်း ရဟန္တာယောဟန်ပေါလူး (၂) က ရဟန်းမင်းကြီးတာဝန်မှ အနားယူရန်စီစဉ်ခဲ့ဖူး