ဗာတီကန်က ဘောစ်နီယားနှင့် ဟာဇေကိုဗီနီယားနိုင်ငံက မယ်တော်သခင်မ၏ တန်ခိုးတော်ကို အသိအမှတ် မပြုကြောင်း ထုတ်ပြန်

 

015

ဗာတီကန်၊ ဇွန်လ ၂၅၊ CNA

ရဟန်းမင်းကြီး ရုံးတော်မှ ယုံကြည်ခြင်းဆိုင်ရာ သွန်သင်ချက်ဌာန The Congregation for the Doctrine of the faith က ဘောစ်နီယားနှင့် ဟာဇေကိုဗီနီယားနိုင်ငံတွင် ၁၉၈၁ ခုနှစ် က မယ်တော်သခင်မက ကလေးငယ် (၆)ဦးအား မေဂျူဂိုရ်ဂျေမြို့တွင် ရူပါရုံ တန်ခိုးတော်ကို လာပြခဲ့သည် ဟူသော ပြောဆိုချက်အား အသိ အမှတ်မပြုကြောင်း၊ သို့သော် မယ်တော်ရုပ်တု တည်ထားသော နေရာအား ဘုရားဖူးနေရာ အဖြစ် ခွင့်ပြုထား ပါကြောင်းဖြင့် ဇွန်လ ၂၄ ရက်နေ့က တရားဝင် ထုတ်ပြန် တော်မူ လိုက်သည်။

ဗာတီကန်နိုင်ငံကို စောင့်ကြည့် နေသော အီတလီ သတင်းစာက ““ရဟန်း မင်းကြီး ရုံးတော်မှ ယုံကြည်ခြင်းဆိုင်ရာ သွန်သင်ချက် ဌာနသည် ဘောစ်နီယားနှင့် ဟာဇေကိုဗီနီယားနိုင်ငံ၊ မေဂျူဂိုရ်ဂျေမြို့ တွင် မယ်တော် တန်ခိုးပြသည်ဟု ပြောဆိုချက်တွင် သဘာ၀ လွန်ကဲသော အဖြစ်အပျက်များကို မတွေ့ရှိရ ကြောင်း၊ မယ်တော်အား မြင်တွေ့ သည်ဟု ပြောဆိုသော လူငယ် ခြောက်ဦးတို့သည်လည်း ဒေသခံ ကက်သလစ် ဆရာတော်တို့၏ မိန့်မှာ ချက်များအပေါ် နာခံခြင်းမရှိကြောင်း နှင့် ၎င်းတို့သည် စီးပွားရေးအကျိုး အမြတ်အတွက်သာ လှုပ်ရှားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မယ်တော်၏ တန်ခိုးတော်ကို တွေ့ရှိသည်ဟု ပြောဆိုကြသော လူငယ်ခြောက်ဦး ၏ တဖက်လွန် သောဘာသာရေး ယုံကြည်မှုထဲတွင် ဘာသာဝင်များ အနေဖြင့် မပါဝင်ကြရန် တားမြစ်ခြင်း ဖြစ်ကြောင်းဖြင့် ထုတ်ပြန်ထားသည် ဟု ဖော်ပြထားသည်။

မယ်တော်၏ ရူပါရုံ တန်ခိုး ပြခြင်းကို ခံစားရသည်ဟု ပြောဆိုကြ သော ကလေးငယ် (၆) ဦးတို့သည် ၁၉၈၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် မေဂျူဂိုရ်ဂျေမြို့ဟုခေါ်တွင်သော မိမိတို့၏မြို့ရှိ  မယ်တော်မာရီယား၏ ဂူတွင် ၎င်းင်းတန်ခိုးတော်ကို ရရှိခဲ့ကြ သည်ဟု ပြောဆိုထားသူများ ဖြစ်ကြ သည်။ ၎င်းင်းရူပါရုံမှ မယ်တော် မာရီယားက ၎င်းင်းကလေးငယ် (၆) ဦး တို့အား “အကျင့်တရားပြောင်းလဲ ကြရန်၊ ဆုတောင်းခြင်းပြုကြရန်နှင့် ဝါရှောင်ခြင်းကို ကျင့်ကြံကြရန်နှင့် မယ်တော်၏  မိန့်မှာချက်များအားလုံး သည် အများပြည်သူကို အကုန်မချ ပြရန်မယ်တော်က တားထားကြောင်း” ဖြင့် ပြောဆို ထားခဲ့ကြသည်။ ၁၉၉၁ ခုနှစ်၊ ဧပြီလတွင်မူ ယူဂိုစလားဗီယား နိုင်ငံ (လက်ရှိတွင် ဘောစ်နီယားနှင့် ဟာဇေကိုဗီနီယားနိုင်ငံဟု အမည် ပြောင်းလဲ)မှ ကက်သလစ်ဆရာတော် ကြီးများက ၎င်းင်းပြောဆိုချက်များ အပေါ် သုတေသနများ ပြုလုပ်ကြပြီး နောက် ၎င်းင်းလူငယ် (၆) ဦး ပြောဆို ချက်သည် မှန်ကန်မှုမရှိကြောင်းဖြင့် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ရဟန်းမင်းကြီး ရုံးတော်မှ ယုံကြည်ခြင်းဆိုင်ရာ သွန်သင်ချက်ဌာနက ယူဂိုစလားဗီယား နိုင်ငံ (လက်ရှိတွင် ဘောစ်နီယားနှင့် ဟာဇေကိုဗီနီယားနိုင်ငံဟု အမည် ပြောင်းလဲ)မှ ကက်သလစ်ဆရာတော် ကြီးများ၏ သုတေသနထုတ်ပြန်ချက် အပေါ် မူတည်ပြီး ၎င်းင်းနေရာတွင် ဆုတောင်းခြင်း၊ အစည်းအဝေး ပြုလုပ်ခြင်းများကို မပြုလုပ်ကြရန် ကက်သလစ်ရဟန်းများနှင့်ဘာသာဝင် များအား တားမြစ်ထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ် တွင်မူ ဗာတီကန်ရုံးတော်မှ ၎င်းတန်ခိုးတော် အား စုံစမ်း စစ်ဆေးခြင်းကို ပြီးဆုံးခဲ့ပြီးနောက် ၁၉၈၁ ခုနှစ်က မယ်တော် သခင်မက ကလေးငယ် (၆)ဦးအား မေဂျူဂိုရ်ဂျေမြို့တွင် ရူပါရုံတန်ခိုးတော်ကို လာပြခဲ့သည် ဟူသော ပြောဆိုချက်အား အသိ အမှတ်မပြုကြောင်း၊ သို့သော် မယ်တော်ရုပ်တုတည်ထားသော နေရာအား ဘုရားဖူးနေရာအဖြစ် ခွင့်ပြုထားပါကြောင်းဖြင့် ဇွန်လ ၂၄ ရက်နေ့က တရားဝင်ထုတ်ပြန်တော် မူလိုက်သည်။

ကုန်ဇမှုန်း

1405  Views
Previous: ရိုးသားစွာဖြင့် စစ်မှန်သောငြိမ်းချမ်းရေးကို ယူကရိန်းနိုင်ငံတွင် ရရှိရန်လုပ်ဆောင်သင့်ကြောင်း ရဟန်းမင်းကြီးဖရန်စစ်က ရုရှားနိုင်ငံသမ်္မတပူတင်အား တိုက်တွန်းတော်မူ
Next: ဘဝမြင့်ပြီး အာဏာရှင်လူတန်းစားအဖြစ် မနေထိုင်ကြရန် ဗာတီကန်သံတမန်များအား ရဟန်းမင်းကြီးဖရန်စစ်က သတိပေးတော်မူ