နာတာရှည်လူနာများအား ဆေးဖြင့်ထိုးသတ်ခြင်းသည် အချို့တဲ့ဆုံးလူသားများကို ထိခိုက်စေသည်ဟု ကာဒီနယ်မူလာက မီးမောင်းထိုးပြတော်မူ

19030434_1998505187051482_7988503318616438108_n

ဗာတီကန်၊ မေလ ၁၈၊ CNA

ကက်သလစ်သာသနာတော် ယုံကြည်ရာအချက်များ၏ ဥက္ကဌဖြစ်တော်မူသော ကာဒီနယ်မူလာက နာတာရှည်လူနာများအား ဆေးဖြင့် ထိုးသတ်ခြင်းသည် အချို့တဲ့ဆုံးသူများကို ထိခိုက်စေသောအဆိပ်နှင့် သေစေနိုင်သော ရောဂါများကိုဖြစ်ပေါ်စေသည်ဟု မေလ (၁၅) ရက်နေ့က ကနေဒါနိုင်ငံ၌ မိန့်ကြားတော်မူလိုက်သည်။

ကနေဒါကက်သလစ် သတ္တဗေဒကျင့်ဝတ်အဖွဲ့အစည်းမှ ဦးဆောင်ကျင်းပသောညီလာခံ၏ အဖွင့်မိန့်ခွန်းတွင် ကာဒီနယ် ဂျဲရတ်မူလာက “နာတာရှည်လူနာများအား ဆေးဖြင့်ထိုးသတ်ခြင်းသည် ကြီးမားသောမှားယွင်းခြင်းဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်းထဲရှိ ဆင်းရဲချို့တဲ့သော လူသားများကို နာကျင်စေသောအဆိပ်နှင့် သေစေနိုင်သောရောဂါများကို ဖြစ်ပေါ်စေသည်”ဟု သတ္တဗေဒပညာရှင်များ၊ ဓမ္မပညာရှင်များ၊ ဆရာဝန်များနှင့် သူနာပြု ဆရာ/မများအား မိန့်ကြားတော်မူလိုက်သည်။

ကာဒီနယ်ဂျဲရတ်မူလာက “လူနာများကို ဆေးဖြင့် ထိုးသတ် ခွင့်ပြုထားသော ကနေဒါနိုင်ငံ၏ ဥပဒေကို ဆန့်ကျင်ကြရန်” ကနေဒါနိုင်ငံရှိ ကက်သလစ်ခရစ်ယာန် ဘာသာဝင်များနှင့် လူ့အသက်ကို ကာကွယ်ပေးကြသော အဖွဲ့အစည်းများအား ဆော်သြတော်မူလိုက်သည်။ ဆက်လက်ပြီး ကာဒီနယ်မူလာက “ခင်ဗျားတို့၏ ပြည်ထောင်စုတရားရုံးချုပ်နဲ့ လွှတ်တော်တွေက ဥပဒေအရခွင့်ပြုထားတဲ့ နာတာရှည်လူ နာများအား ဆေးဖြင့်ထိုးသတ်ခွင့်ဥပဒေဟာ အန္တရာယ်ရှိသော ဥပဒေဆိုင်ရာ မှားယွင်းခြင်းဖြစ်တာမို့ ဒီဥပဒေကို ပြန်လည်ပယ်ဖျက် ပြင်ဆင်နိုင်ဖို့အတွက် ဝိုင်းဝန်းလုပ်ဆောင်ကြပါ” ဟု ကနေဒါ ကက်သလစ် သတ္တဗေဒကျင့်ဝတ်အဖွဲ့ဝင်များအား တိုက်တွန်း တော်မူလိုက် သည်။

ဘုန်းတော်ကြီး လီအို ဝေါလ် (စ်) က ကာဒီနယ်မူလာ၏ မိန့်ခွန်းသည်လွန်စွာပင် အရေးကြီးကြောင်း၊ ခန္ဓာကိုယ်အား ကူညီပြီး သေစေခြင်း ကို ကန့်ကွက်သူများက လွှတ်တော်၌ ထာက်ခံမှု မရှိကြသောကြောင့် ၎င်းဥပဒေသည် အချိန်တိုတွင်းပြင်ဆင်ရန် မလွယ်ကူ ကြောင်း၊ သို့ သော် ထောက်ခံမှုမရခြင်းက ဥပဒေအား ပြင်ဆင်ခြင်းတိုက်ပွဲသည် မပြီးဆုံးသေးကြောင်း၊ မိမိတို့သည် လွှတ်တော် အမတ်များအား ဆက် လက် စည်းရုံးနေအုံးမည်ဖြစ်သည်” ဟု သတင်းထောက်များအား မိန့်ကြားတော်မူသည်။

ကာဒီနယ်မူလာက “နာတာရှည် လူနာများအား ဆေးဖြင့် ထိုးသတ်ခြင်းကိုပြုလုပ်ရန် ငြင်းဆန်သူများသည် ဆရာဝန်များ၏ ကျင့်ဝတ်နှင့် ဆေးပညာရပ်အပေါ် အခြေခံသစ္စာရှိခြင်းကို ထင်ဟပ်စေကြောင်း၊ ဆရာဝန်တစ်ဦးအား နာတာရှည် လူနာများကို ဆေးဖြင့် ထိုးသတ် စေခြင်းသည် ၎င်းဆရာဝန်၏ ကျွမ်းကျင်သောအလုပ်ကို ရပ်တန့်စေခြင်းနှင့် မိမိဘဝအတွက် ပညာဂုဏ်အဖြစ် ခံယူထားသော အတတ် ပညာကို သစ်္စာဖောက်စေခြင်းဖြစ်သည်” ဟု ညီလာခံသို့ တက်ရောက်လာကြသော ပညာရှင် (၂၀၀) အား မီးမောင်းထိုးပြတော်မူသည်။

နောက်ဆုံးအနေဖြင့် ရဟန်းအမတ် မူလာက “ဆရာဝန်တစ်ဦးအား လူနာများ၏အသက်ကို စောင့်ရှောက်ပြုစု လုပ်ဆောင်ပေးရန်ဟူ သောသော ကျင့်ဝတ်ကို ဆန့်ကျင်ပြီး လုပ်ဆောင်စေသော ဥပဒေတစ်ရပ်ရပ်သည် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍လည်းကောင်း မတ ရားသောဥပဒေဖြစ်သည်” ဟု ကြုံးဝါးတော်မူသည်။

973  Views
Previous: ရဟန်းဖြစ်သင်ကျောင်းသားတစ်ဦးက အိုင်အက်စ်သူပုန်များလက်ထဲမှ ကိုယ်တော်မြတ်မုန့်တော်ကို ကယ်ထုတ်နိုင်ခဲ့
Next: မယ်တော်မာရီယား၏ ဖာတီမာမြို့က လျှို့ဝှက်ချက် (၃) ကို မည်ကဲ့သို့ ဖော်ထုတ်ခဲ့သနည်း