တရုတ်နိုင်ငံထဲတွင် ကက်သလစ်ဆရာတော် ရွေးချယ်ခန့်ထားခြင်းမူဘောင်ကို တရုတ်အစိုးရနှင့် ဗာတီကန်အစိုးရအကြား သဘောတူညီမှု ရရှိပြီ

17201092_1948725505362784_2734741763164020027_n

 

ဟောင်ကောင်၊ ဖေဖော်ဝါရီလ ၁၀၊ ၂၀၁၇ UK Herald

ဟောင်ကောင်မြို့တော်၏ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ဂျွန်တွန်က တရုတ်အစိုးရလက်အောက်ရှိ ကက်သလစ်ဆရာတော်များနှင့် မြေအောက် (ရဟန်း မင်းကြီးကို နာခံသော) ကက်သလစ်ဆရာ တော်များကို ရွေးချယ် ခန့်ထားခြင်းတို့တွင် တရုတ် ကွန်မြူနစ်အစိုးရနှင့် ဗာတီကန် အစိုးရ (ရဟန်းမင်းကြီး) တို့သည် အများသဘောတူညီချက်ကို ရရှိထားပြီဖြစ်သည်ဟု ဖေဖော်ဝါရီလ (၉) ရက်နေ့က ထုတ်ပြန် ကြေငြာတော်မူလိုက်သည်။

ကာဒီနယ်ဂျွန်က “ဤသဘောတူညီချက်ကြောင့် အခုချိန် မှစပြီး တရုတ်နိုင်ငံရှိ မြေပေါ်မြေအောက် ကက်သလစ် သာသနာတော်ထဲတွင် ကြီးမားသော အုပ်စုကွဲမှု ရှိတော့မည် မဟုတ်ဘဲ ၎င်းတို့နှစ်ဖွဲ့သည် ဥပဒေကြောင်း၊ ဘာသာရေးလုပ်ငန်းများနှင့် ခင်မင်ရင်းနှီးမှု များတွင် လည်းတဖြည်းဖြည်းချင်းတိုးတက်အဆင်ပြေလာကြ တော့မည်ဖြစ်သည့်အပြင် ယေဇူးဘုရား မြတ်၏တရားတော်ကိုလည်းတရုတ်မြေပေါ် တွင် အတူ တကွ သက်သေ ခံဟောပြောသော တရုတ်နိုင်ငံရှိ ကက်သလစ် အသင်းတော် အဖြစ် ပေါ်ထွက် လာတော့မည်” ဟု ရေးသား ထုတ်ပြန်တော်မူလိုက်သည်။

ကာဒီနယ်ဂျွန်၏ထုတ်ပြန်စာထဲတွင်အရှင်သူမြတ်က “တရုတ်အစိုးရနှင့်ဗာတီကန်အစိုးရအကြားတွင်ကွဲပြားသောစိတ်ဝင်စားကာဒီနယ် မှုများ ရှိနေသေးကြောင်း၊ ဒါကြောင့် ၎င်း အစိုးရနှစ်ခုသည် မိမိတို့ ဦးစားပေးသင့်သော အရာများကို ဦးစားပေး လုပ်ဆောင်ကြ ရအုံးမည် ဖြစ်ကြောင်း၊ တရုတ်အစိုးရသည် နိုင်ငံရေးဆိုင်ရာပြဿနာများကို စိတ်ဝင်စားနေချိန်တွင် ဗာတီကန်အစိုးရကမူဘာသာရေးနှင့်သိုးထိန်း လုပ်ငန်းများကိုသာပိုပြီးစိတ်ဝင်စားနေသည်” ဟု မီးမောင်းထိုးပြထားသည်။

တရုတ်နိုင်ငံနှင့် ဗာတီကန်နိုင်ငံတို့၏ ဆက်ဆံရေးတိုးတက်နေခြင်းအပေါ် ကာဒီနယ်ဂျွန်က “လွန်ခဲ့တဲ့ (၄) နှစ်လောက် တုန်းကတရုတ် တရုတ်အစိုးရနဲ့ဒေသခံတွေကဆရာတော်တွေလိုအပ်နေတာတော့တရုတ်အစိုးရက မျိုးချစ်ကက်သလစ်ရဟန်းများထဲကတချို့ကိုရွေးပြီး ဆရာတော်အဖြစ် ခန့်လိုက်တယ်။ ခန့်ပြီးမှသူခန့်ထားတဲ့ ဆရာတော်တွေကို ရဟန်းမင်းကြီးရဲ့ အသိအမှတ်ပြုခြင်းကို တင်ပြတောင်းဆို လိုက်တယ်။ ဒီလိုမျိုးလုပ်ရပ်ကို ရဟန်းမင်းကြီးဘက်က လိုက်လျောလာပါတယ်။ တရုတ်အစိုးရဖက် ကလည်း မိမိရွေးချယ် ထားတဲ့ဆရာ တော်တွေဟာ ရဟန်းမင်းကြီးရဲအသိအမှတ်ပြုခြင်း၊ ဒါမှမဟုတ်ရင် ပယ်ချခြင်းကိုရယူဖို့လိုအပ်တယ်ဆိုတာကိုလက်ခံပါတယ်” ဟုတရား ဝင်ရေးသားဖော်ပြထားပါသည်။ #ကုန်ဇမှုန်း

1030  Views
Previous: ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများက ဖိလစ်ပိုင်သမ္မတ၏ မူးယစ်ဆေးဝါးစွဲသူများအား ပစ်သတ်နေခြင်းကို တရားဝင်ဝေဖန်ရှုတ်ချပြီ
Next: မြန်မာနိုင်ငံအစိုးရက ဗာတီကန်နိုင်ငံ (ရဟန်းမင်းကြီးရုံး) သံရုံးကို ရန်ကုန်မြို့၌ ဖွင့်လှစ်ခွင့်ပြုလိုက်ပြီ