ချက်သမ္မတနိုင်ငံမှ ရဟန်းမင်း အမတ်ဒိုမီနစ် ဒူးကားက တရုတ်နိုင်ငံရှိ ခရစ်ယာန် ဘာသာဝင်များကို နှိပ်စက်နေသော သမ္မတ ရှီကျင်းပင်အား ကန့်ကွက်စာ ပေးတော်မူ

008

ပရက်၊ ဧပြီလ ၁၄၊ ၂၀၁၆

ချက်သမ္မတနိုင်ငံသို့ တရားဝင် အလည်အပတ် ရောက်ရှိလာသော သမ္မတ ရှီကျင်းပင်ကို ချက်နိုင်ငံမှ ရဟန်းမင်း အမတ် ကာဒီနယ် ဒိုမီနစ်ဒူးကား က သမ္မတ ရှီကျင်းပင်ကို ဧည့်ခံသော ညစာစားပွဲတွင် တရုတ်နိုင်ငံရှိ ခရစ်ယာန် ဘာသာဝင်များကို နှိပ်စက်နေမှုအပေါ် ကန့်ကွက်စာပေး တော်မူသည်ဟု သတင်းရရှိသည်။

ချက်နိုင်ငံ ကာဒီနယ် ဒိုမီနစ်ဒူးကားက “ဟုတ်ပါတယ်။ သမ္မတရှီကို ကန့်ကွက်စာ တစ်စောင်နဲ့ ချက်ကွန်မြူနစ် အစိုးရလက်ထဲက             ထုတ်ဝေခဲ့သော စာရေးဆရာ တစ်ဦးရဲ့ စာအုပ်တစ်အုပ်ကို ပေးလိုက်ပါတယ်။ တရုတ်နိုင်ငံမှာ တရုတ်ကွန်မြူနစ် အစိုးရက နိုင်ငံသား       တွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေ တာတွေနဲ့ ခရစ်ယာန်တွေ ကိုနှိပ်စက်နေ တာတွေကို ကျွန်တော် မသိသလို မနေနိုင်လို့ သမ္မတ ရှီရဲ့လက်ထဲကို ကန့်ကွက်စာ ပေးလိုက်တာဖြစ်ပါတယ်” ဟု သတင်းထောက်များအား ပြောကြားတော်မူသည်။

တရုတ်နိုင်ငံ၏ ကွန်မြူနစ် အစိုးရ ခေါင်းဆောင်ဖြစ်သော သမ်္မတရှီကျင်းပင်သည် ချက်နိုင်ငံ၏နိုင်ငံသို့ တရားဝင်ခရီးစဉ်ကို မတ်လ ၂၈-၃၀ ရက်နေ့အထိ သွားရောက်ခဲ့ပြီး ချက်အစိုးရက သမ္မတရှီအား ဂုဏ်ပြုညစာဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ရာ ၎င်းညစာစားပွဲသို့ တက်ရောက်လာ  သော ကာဒီနယ် ဒူကာက ထိုကဲ့သို့ စာတစ်စောင်ကို သမ်္မတရှီအား တိုက်ရိုက်ပေးလိုက်ခြင်းဖြစ်သည်။

ဆက်လက်ပြီး ကာဒီနယ်ဒူကာက “ကွန်မြူနစ်အစိုးရ လက်အောက်မှာ မနေခဲ့ရတဲ့ သူတွေက ကွန်မြူနစ် အစိုးရရဲ့ ပြည်သူတွေ အပေါ်နဲ့ ဘာသာရေး အပေါ် နှိပ်ကွပ်နေခြင်းကို နားလည်နိုင်ကြမှာ မဟုတ်ကြောင်း၊ ကျွန်တော်ကတော့ ၁၉၄၈ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ နှစ်ပေါင်း (၄၅) ကျော် ဖြတ်သန်းခဲ့ရတာမို့ ကောင်းကောင်း နားလည်ကြောင်း” ဖြင့် သတင်းထောက်များအား ရှင်းပြတော်မူသည်။ ကာဒီနယ်           ဒူကာ၏ သမ္မတရှီအပေါ် လုပ်ဆောင်ချက်ကို ဟောင်ကောင်မြို့မှ အငြိမ်းစား ကာဒီနယ် ဂျိုးဇက်ဇင်က ထောက်ခံတော် မူလိုက်သည်။

ကာဒီနယ်ဒူကာက “သမ္မတရှီကို ပေးတဲ့စာထဲမှာ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ ကက်သလစ် သာသနာတော်နဲ့ ခရစ်ယာန် ဘာသာဝင်တွေဟာ လူ့အဖွဲ့အစည်းကို ခွဲမရအောင် ပိုင်ဆိုင် ထားကြပါတယ်” ဆိုတာကို မီးမောင်း ထိုးရေးသား ထားသည်ဟု ထုတ်ဖော် တော်မူသည်။
ကာဒီနယ် ဒူကာသည် ၁၉၆၈ ခုနှစ်တွင် ဒိုမီနီကန် ကက်သလစ် ရသေ့ဂိုဏ်းကို ဝင်ရောက်တော်မူခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် ရဟန်းသိက္ခာ ကို ရရှိတော် မူသည်။ ၁၉၇၅ ခုနှစ်တွင်မူ ချက်အစိုးရက ကက်သလစ် ရဟန်းများ၏ လုပ်ငန်း တာဝန်တရား ဝင်ပြုခြင်းကို ချက်ကွန်မြူ နစ်အစိုးရက ပြန်လည် ရုပ်သိမ်းပြီးနောက် ဒူကာသည် ဘာသာရေး လုပ်ငန်းများကို ၁၅ နှစ်တိတိ ကားတစ်စီးဖြင့် လျှို့ဝှက်စွာ ရွှေ့ပြောင်း     လုပ်ဆောင် တော်မူခဲ့သည်။ သို့သာ် ၁၉၈၁ ခုနှစ်တွင်မူ စာအုပ်တစ်အုပ်ကို လျှို့ဝှက်စွာ ထုတ်ဝေခဲ့ခြင်းကြောင့် ထောင်ချခြင်းကို ခံရတော်မူခဲ့သည်။    ကုန်ဇမှုန်း

1458  Views
Previous: ထောင်ထဲတွင် အချင်းချင်း ချစ်ချစ်ခင်ခင် နေကြရန်နှင့် မျှော်လင့်ချက်တွေ မကင်းမဲ့ကြရန် အကျဉ်းသားများအား ကာဒီနယ် တာကလေး အားပေးတော်မူ
Next: ဘာသာရေးနှင့် လူမျိုးရေးကို ခွဲခြားသူသည် နိုင်ငံ့ရန်သူ ဖြစ်သည်ဟု ရန်ကုန် ကာဒီနယ် ချားလ်စ်ဘို မိန့်ကြား