ကလေးငယ်တစ်ဦးက မိမိသည် မိမိ၏အစ်မဖြစ်သူနှင့် အမြဲတမ်း စကားငြင်းခုံနေရသည်ကို ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အား အကူအညီတောင်း

004

ဗာတီကန်၊ မေလ ၁၁၊ ၂၀၁၅၊ CNA
ငြိမ်းချမ်းရေးစက်ရုံဟု အမည်ခံယူထားသော အဖွဲ့အစည်း တစ်ခုက ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အား မေလ ၁၁ ရက်နေ့ က ဗာတီကန်နန်းတော်ရှိ ပေါလူး (၆) ခန်းမဆောင်တွင် ကလေးပေါင်း ၇၀၀၀ ကျော် နှင့်အတူ သွားရောက်ဖူးမျှော်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။ ၎င်းင်းတွေ့ဆုံ ပွဲတွင် ကလေးသူငယ်များက ရဟန်းမင်းကြီးအား လောဘနှင့် စစ်ပွဲတို့အကြားဆက်နွယ်နေမှု၊ ညီအစ်ကိုမောင်နှမများ အကြား အငြင်းအခုန်ပြုလုပ်ခြင်း၊ ဘာသာသာသနာတော်၏ ကမ်္ဘာ့ ငြိမ်းချမ်းရေးအတွက် အရေးကြီးနေပုံများကို စိတ်ဝင်တစား မေးမြန်း ခဲ့ကြပြီး ရဟန်းမင်းကြီးကလည်း အားပါးတရ ဖြေကြားပေးတော်မူ လိုက်သည်။

ကလေးသူငယ်တစ်ဦးက ရဟန်းမင်းကြီးအား ဘာသာ သာသနာ တော်သည် ကမ်္ဘာ့ငြိမ်းချမ်းရေးအတွက် အရေးကြီးပါသလားဟူသော မေးခွန်းကိုမေးမြန်းရာ အရှင်သူမြတ်က ဘာသာသာသနာတော်သည် ကမ်္ဘာ့ငြိမ်းချမ်းရေးအတွက် အရေးကြီးပါကြောင်း၊ ဘာသာရေးသည် မိမိတို့အားလုံး မြတ်စွာဘုရားသခင်၏ရှေ့တော်တွင် လျှောက်လှမ်းနေထိုင် နိုင်ရန် ကူညီပေးနေကြောင်း၊ အဘယ်ကြောင့် ဆိုသော် ဘာသာ သာသနာ တော်က မိမိတို့အား ပညတ်တော်ဆယ်ပါးနှင့် မင်္ဂလာတရားတော် ရှစ်ပါးတို့ကို ပေးအပ်ထားပြီဖြစ်သည့် အပြင် ၎င်းင်းဘာသာ သာသနာတော် သည် မိမိတို့အနားတွင် ရှိနေသူများကို ချစ်နိုင်ရန် သွန်သင်ပေးကြောင်း၊ ၎င်းင်းသွန်သင်ချက်သည် ဘာသာတရားအားလုံး၏ ဘုံရပ်တည်ချက်လည်း ဖြစ်ကြောင်း၊ တခြားသူများအား ချစ်ရန်သွန်သင်ပေးခြင်းသည် လူတိုင်းအား ငြိမ်းချမ်း စေရန်နှင့် ငြိမ်းချမ်းစွာဖြင့် ဆက်လက်အသက်ရှင် စေကြောင်းဖြင့် အကျယ်တဝင့် ရှင်းပြပေးတော်မူခဲ့သည်။

ရဟန်းမင်းကြီးက ကမ်္ဘာကြီးတွင် ငြိမ်းချမ်းရေး စက်ရုံများ ပိုပြီးများများ ရှိလာရန်လိုအပ်နေကြောင်း၊ လက်ရှိအချိန်တွင် စစ်ပွဲစက်ရုံများက ပိုမိုများပြားနေသည် မှာ စိတ်ပျက်ဖွယ်ကောင်းပါကြောင်း၊ စစ်ပွဲဟူသည် မုန်းတီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘ ကြီးခြင်းနှင့် သူများအပေါ် အနိုင်အထက် ပြုလိုခြင်းတို့၏ ခါးသီးသောအသီးများဖြစ်ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး၏စက်ရုံများ ဟူသော အဖွဲ့ဝင်များအနေဖြင့် အားလုံးပါဝင်သောဓလေ့၊ ပြန်လည်ကျေအေးခြင်းနှင့် တွေ့ဆုံခြင်းယဉ်ကျေးမှုကို လူ့အသိုင်းအဝိုင်းတွင် ပိုမို ကြီးထွားလာရန် ကြိုးစားလုပ်ဆောင်ကြရန်လိုအပ်ကြောင်း ဖြင့် တိုက်တွန်း နှိုးဆော်တော်မူလိုက်သည်။

ရဟန်းမင်းကြီးက ကလေးသူငယ်များနှင့် အမေး အဖြေကဏ္ဍ ပြုလုပ်ရာတွင်၊ ကလေးမလေးတစ်ဦးက မိမိ သည် မိမိအစ်မနှင့် ခဏခဏ စကားအငြင်းအခုံလုပ်နေ ရကြောင်း၊ ရဟန်းမင်းကြီးအနေဖြင့်လည်း သူ၏မိသားစု ဝင်များနှင့် စကားအငြင်းအခုံလုပ်ဖူးပါသလား ဟု လျှောက်ထားရာ ရဟန်းမင်းကြီးက မိမိသည်လည်း မိသားစုဝင်များနှင့်အငြင်းအခုံလုပ်ရပါကြောင်း၊ သို့သော် မိမိ၏တစ်ရက်တာကို ဒေါသမောဟများဖြင့် အဆုံးမသတ် ဘဲ ငြိမ်းချမ်းခြင်းဖြင့် ပြီးဆုံးရန်လိုအပ်ကြောင်းဖြင့် ကလေးငယ်မလေးအား ဖြေကြားပေးတော်မူလိုက်သည်။ နောက်တစ်ယောက်က ရဟန်းမင်းကြီးအား ““အကယ်၍ လူတစ်ဦးက ကိုယ်တော်နဲ့အဆင်ပြေအောင် မနေချင်ဘူး ဆိုရင် ကိုယ်တော်ကသူ့အား မည်ကဲ့သို့ပြန်တုံ့ပြန်မည်နည်း”” ဟု မေးမြန်းတော်မူလိုက်သည်။ ၎င်းင်းလူငယ်လေး၏ မေးခွန်း ကို ရဟန်းမင်းကြီးက မိမိအနေဖြင့် လူတစ်ဦး၏ လွတ်လပ်ခွင့် ကို လေးစားမည်ဖြစ်ကြောင်း သို့သော်သူ့အား ကလဲ့စား ပြန်ချေမည် မဟုတ်ကြောင်း၊ လူ့အသိုင်းအဝိုင်းတွင် ငြိမ်းချမ်းရေးရရှိရန် လုပ်ဆောင်ရာတွင် လူပုဂ်္ဂိုလ်များအား ရိုသေခြင်းသည် ပထမဆုံးသော လုပ်ငန်းဖြစ်ကြောင်းဖြင့် ပြန်လည်ဖြေကြားပေးတော်မူခဲ့သည်။

ဆက်လက်ပြီး အီဂျစ်နိုင်ငံမှလူငယ်တစ်ဦးက ရဟန်းမင်းကြီးအား ““အဘယ်ကြောင့် သြဇာရှိသူများက ငြိမ်းချမ်းရေးကို မလိုချင်ကြသနည်း၊ သြဇာရှိသူများက စာသင်ကျောင်းများကို အားမပေးကြသနည်း”” ဟု မေးမြန်း ရာ ရဟန်းမင်းကြီးက ““သြဇာရှိသူများက ငြိမ်းချမ်းရေး ကို မလိုလားခြင်းနှင့် စာသင်ကျောင်းများကို အားမပေး ကြခြင်းသည် သူတို့သည်စစ်ပွဲတွင် အသက်ရှင်နေသူများ ဖြစ်ကြကြောင်း၊ ၎င်းင်းပုဂ္ဂိုလ်များသည် လက်နက်ရောင်းဝယ် ခြင်းမှ ငွေအမြောက်အမြားကို ရရှိကြသောကြောင့် ဖြစ်ကြောင်း၊ လက်နက်ရောင်းချခြင်းကို ပြုလုပ်နေသူများ သည် သေခြင်းစက်ရုံများဖြစ်ကြပြီး လောဘကြီးသူများနှင့် ငွေကိုမက်မောနေသူများဖြစ်ကြကြောင်း၊ စစ်ပွဲများဖြစ်ခြင်း မှ ငွေကိုများများရရှိကြသောကြောင့် ငြိမ်းချမ်းရေးကို သူတို့ သည် မလိုချင်ရခြင်း ဖြစ်ကြောင်း”” ဖြင့် အကျယ်တဝင့် ဖြေကြားပေးတော်မူသည်။

ထို့အပြင် ရဟန်းမင်းကြီးက ““မိမိတို့အားလုံး သည် တန်းတူဖြစ်ကြကြောင်း၊ သို့သော်လူသားအားလုံး တန်းတူဖြစ်ခြင်းကို အသိအမှတ် မပြုသူများလည်းရှိကြောင်း၊ ထိုကဲ့သို့သော တန်းတူဖြစ်ခြင်းကို မမြင်ခြင်းနှင့် လက်မခံ သော လူ့အဖွဲ့အစည်းသည် မတရားသော လူ့အဖွဲ့ အစည်း ဖြစ်ပါကြောင်း၊ မတရားသောလူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းရေးလည်း မရှိနိုင်ကြောင်း”” ဖြင့် ကွက်ကွက် ကွင်းကွင်း ရှင်းပြသွန်သင်ပေးတော်မူသည်။

ဂျိုးဇက်

1465  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်က ပါလက်စတိုင်းခေါင်းဆောင် အာဘတ်စ်အား ငြိမ်းချမ်းရေး၏သိကြားမင်းဟု တင်စားဂုဏ်ပြုတော်မူ
Next: ရဟန်းမင်းကြီးဖရန်စစ်၏ပြောဆိုဆက်ဆံမှုကြောင့် ကက်သလစ်ခရစ်ယာန်ဘာသာသို့ ပြန်ဝင်လာနိုင်သည်ဟု ကျူးဘားနိုင်ငံသမ်္မတ ရော်လ်ကက်စရိုက ပြောလိုက်ပြီ