ကရင်ပြည်နယ်ဘုရားသုံးဆူတွင် ကက်သလစ်ဘုရားကျောင်းသစ် ဖွင့်ပွဲကျင်းပ

9

ဖားအံ၊ ဇန်နဝါရီလ ၂

ဖားအံကက်သလစ်ဆရာတော်ကြီး ဂျက်စတင်းစောမင်းသိုက်က ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကက်သလစ်ဘုရားကျောင်း သစ်ကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖွင့်လှစ်တော်မူလိုက်သည်ဟု သတင်းရရှိသည်။ ၎င်းဘုရားကျောင်းဖွင့်ပွဲသို့ ရှေ့ဦးသာသနာ ပြုခဲ့ ကြသော ရန်ကုန်ကက်သလစ် သာသနာမှ ရဟန်းတော် သုံးပါး၊ သီလရှင်များ၊ ဒေသခံရဟန်းတော်များနှင့် ဘာသာဝင်များလည်း တက်ရောက်ဝတ်ပြုပါဝင်ကြသည်။

၎င်းဘုရားသုံးဆူ၏ ကက်သလစ်သာသနာသမိုင်းကို ဘုန်းတော်ကြီး ပေါသာစန်းအား တယ်လီဖုန်းဖြင့် ဇန်နဝါရီလ ၃ ရက်ည က မေးမြန်းရာတွင် ““အရင်တုန်းကဆိုရင်တော့ ဒီဘုရားသုံးဆူနေရာက တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့နေရာ ဖြစ်ကြောင်း၊ အဲဒီတုန်းက သာသနာ ပြုခဲ့ကြတဲ့ ဘုန်းတော်ကြီးမာဆီယံသက်ကျော်၊ ဘုန်းတော်ကြီးဂျက်ကပ်အေးသောင်း၊ ဘုန်းတော်ကြီးမောင်မောင်ကြီးတို့က သာသနာ ပြုသမိုင်းကို ပြန်ပြောကြတဲ့အခါမှာ ဒီနေရာက တော်တော်ခက်ခဲခဲ့တာကို သိရကြောင်း၊ အခုတော့ အေးအေးဆေးဆေး ဖြစ်နေ ကြောင်း၊ ကြာအင်းဆိပ်ကြီးသာသနာထက် စာရင် ဘုရားသုံးဆူသာသနာမှာက ကက်သလစ် ဘာသာဝင် ပိုများကြောင်း၊ ဘာသာတူ အများစုကတော့ ပုသိမ်ဖက်ကနေ ရောက်လာပြီး ထိုင်းနယ်စပ်မှာ အလုပ်လာလုပ်ကြ တဲ့ ရွှေ့ပြောင်းလုပ်သားတွေ များကြောင်း”” ဖြင့် ရှင်းပြပေးတော်မူသည်။

ဘုရားသုံးဆူတွင် ပထမဆုံးသာသနာပြုတော်မူခဲ့ပြီး ဘုရားကျောင်းဖွင့်ပွဲသို့ ကြွရောက်ပါဝင်တော်မူသော လက်ရှိ ရန်ကုန်ကက် သလစ်သာသနာမှ မင်းသုံးပါဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းတော်ကြီး မာစီယံသက်ကျော်အား မိမိ၏ခံစားချက်ကို တယ်လီဖုန်း ဖြင့် မေးမြန်းရာတွင် ““တိုးတက်လာတာ မြင်ရတော့ ပျော်ပါတယ်”” ဟု အမိန့်ရှိတော်မူသည်။

ဘုရားသုံးဆူသာသနာတွင် လက်ရှိသာသနာပြုနေသော ဘုန်းတော်ကြီးသည် ပုသိမ်ကက်သလစ်သာသနာမှ လာရောက် ကူညီ ပေးသော ဘုန်းတော်ကြီး ခရစ်္စတိုဖာ ဖြစ်သည်ဟု သိရှိရသည်။ ၀၀၈ အယ်ဒီတာချုပ်

1228  Views
Previous: လောက်တူစာပေတစ်ခုကိုသာ အသုံးပြုကြရန် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် (ကက်သလစ်သာသနာ၊ နှစ်ခြင်းအသင်းတော်၊ ဧဝံဂေလိအသင်းတော်) များက ပဋိဉာဉ်စာချုပ် ချုပ်ဆို
Next: လက်ထပ်ထိမ်းမြားခြင်းသည် ပဋိညာဉ်ဖြစ်သည်ဟု ဘုန်းတော်ကြီးဟိုင်ဂျီနူးစ်မြင့်စိုးက မိန့်ကြားတော်မူ